အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။
ဒီကနေ့ သြစတေးလျနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန် ကုန်မြို့မှာလည်းစာတန်းချိတ်ဆွဲပြီးပျောက်ကြားသပိတ်ဆင်နွဲတာအပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာမလုပ်ဖို့ လူစည်ကားတဲ့ လှည်းတန်းစျေးမှာလူငယ်တွေက နှိုးဆော်ခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။
ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ကနီ၊ ခင်ဦးစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေရှိခဲ့သလို မန္တလေးပြ ည်ကြီးတံခွန်နဲ့ မကွေးတိုင်းမြိုင်၊ ပေါက် နှင့် ထားဝယ်လောင်းလုံဒေသတို့မှာလည်း သပိတ်လှုပ်ရှားမှု တွေရှိခဲ့ပါတယ်။
ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြ သခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။