စစ်ကောင်စီနဲ့ TNLA လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့နယ်၊ မန်ကောင်ရွာအနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ (၅၀၄) တပ်နဲ့ တအောင်းလွတ်မြောက်ရေးတပ်တို့ ဇန်နဝါရီ ၂၉ ရက် မနေ့က တိုက်ပွဲပြင်းထန်ပြီး လက်ရှိအထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ TNLA ဘက်ကပြောပါတယ်။
“ ကျွန်တော်တို့ တပ်ရင်းရှိတဲ့နေရာကို စကစလက် အောက်ခံ တပ်က လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ၃နာရီ ၅၀ လောက်မှာ ထိုးစစ်ဆင်ပြီးတော့မှ ညနေ ၅ နာရီ ၄၀ အထိ ရောက်သွားတယ်၊မနေ့ကတော့ တိုက်ပွဲကတော့ အပြင်းအထန် ဖြစ်ပွားတယ်၊နှစ်ဖက်ထိခိုက်မှုကတော့ မသိရသေးပါဘူး၊ဒီနေ့ကတော့ ခုချိန်ထိ စစ်ရေးသတင်းကတော့ ဘာမှ မတက်လာသေးဘူး’’ လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA/ PSLF)က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
စစ်တပ်ရဲ့ ခမရ (၅၀၄) တပ်က အင်အား (၆၀) ဝန်းကျင်ဟာ ဇန်နဝါရီ၂၉ ရက်ကလာရှိုးမြို့နယ်အတွင်းရှိ နမ်မောရွာကနေ မန်ကောက်ရွာအထက်ဘက်ကို ထိုးတက်လာပြီး TNLA တပ်မဟာ (၆) စစ်ဒေသ၊ တပ်ရင်း (၅၉၅) တပ်စခန်းရှိရာသို့ လက်နက် ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ စဖြစ်တာလို့သိရပါတယ်။
“ကုန်းသာရွာမှာ တစ်ခေါက် တိုက်ပွဲကတော့ ပြင်း ပြင်းထန်ထန်ဖြစ်ခဲ့တယ်၊အဲဒီကြားမှာတော့ မဖြစ်တော့ဘူး၊ မနေ့ကတော့ တိုက်ပွဲက ပြန်လည်ပြင်းထန်းလာတာ ရှိတယ်၊မနေ့ကမှ ဘယ်လိုကြောင့် ထပ်မံထိုးစစ်ဆင်လာတာလည်းတော့ မသိသေးဘူး၊ ကျွန်တော်တို့ တပ်တွေ ရှိတဲ့ တခြားနေရာတွေမှာလည်း ထိတွေ့တာတော့ မရှိပါဘူး”လို့ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ နှစ်ကုန်ပိုင်းက နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးမှာ စစ်တပ်နဲ့ TNLA တပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပေမယ့် လေကြောင်းချီတပ်တွေအသုံးပြုခဲ့တဲ့အဲ့ဒီတိုက်ပွဲဟာ TNLA ကိုတိုက်ခိုက်ဖို့ရည်ရွယ်တာမဟုတ်ဘူးလို့သစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။