ပုသိမ်မြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ထောင်နှစ်ရှည်ချ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဟိုတယ်ရှေ့အပါအဝင် ပုသိမ် ကညနရုံး နဲ့အထည်ချုုပ်စက်ရုံမှာပြီးခဲ့တဲ့နှစ် ဇွန်လကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်က စွပ်စွဲဖမ်းဆီးထားသူ ၁၁ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချလိုက် တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုလိုထောင်နှစ်ရှည်ခံရသူတွေဟာ တနှစ်ကျော်လောက်ဖမ်းဆီးခံထားရပြီးနောက် အခုဇန်နဝါရီလထဲမှာ အမိန့်ချမှတ်လိုက်တာကို မိသားစုဝင်တွေက တဆင့်စကားကပဲ ကြားသိလိုက်ရတာဖြစ်တယ်လို့ မိသားစုဝင်တွေ နဲ့ နီးစပ်သူ တစ်ဦး က DNA  ကို ပြောပါတယ်။

“ဖေါက်ခွဲမှု လက်နက်မှု  အားပေးကူညီ မှု ဆိုပြီး အမိန့်ချလိုက်တာပါ။ထောင်တွင်းက အကြမ်း ဖက် နှိပ်စက် ရိုက်နှက်ခံရတဲ့ သူတွေထဲမှာ ခုအမိန့်ချခံ သူတို့ တွေ လည်းပါတယ် ။ထောင်တွင်း အထူးတ ရားရုံးကို ထုတ်လာတော့ ကတုန်း ကွက်ကြား အရိတ်ခံထား ရတယ် ။ရိုက်နှက် ခံထားရတာ တွေကို မိ သားစု က မြင်သွား မှာ စိုးရိမ်တာကြောင့် အားချင်း အမိန့်ချလိုက်တာ “ လို့ ပုသိမ် အကျဉ်းထောင် နဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။

အမိန့်ချခံ ရသူ ၁၁ ဦး အနက် ပုသိမ်ဟိုတယ်ရှေ့ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး ပုသိမ် မြို့ခံ လူငယ် တွေ ဖြစ်တဲ့ ကိုထွန်းလင်းအောင် နဲ့ ကိုခန့်ကိုကိုဇင် တို့ကို ထောင် ၁၅ နှစ် စီ ၊ ကျန်သူတွေ ဖြစ်တဲ့ ကိုကောင်းထက်စံ၊ ကိုထင်လင်း ဦး ၊ ကိုဇော်ဇော် ၊ ကိုကိုအောင်၊ ကိုကောင်းမြတ်ဇော်၊ နဲ့ အမျိုးသမီး ၁ ဦး တို့ ကို ထောင် ၁၀ နှစ်စီ အမိန့်ချလိုက် တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုသိမ် ကညန ရုံး ဗုံးပေါက်ကွဲနဲ့ ပါတ်သက်ပြီး ပိတ်ဆို့ စစ်ဆေးတာကို ဓာတ်ပုံရိုက်လို့ အဖမ်း ခံထားရတဲ့ ကိုရန်နိုင်ထွန်း အပါအဝင် ပုသိမ် ဟွာပိုတိုင်းစ် အထည်ချုပ် စက်ရုံ ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး သံသယ နဲ့ စွပ်စွဲဖမ်းဆီး ထားတဲ့ လူငယ် ၂ ဦး ကိုလည်း  ထောင် ၅ နှစ်စီ အမိန့်ချ လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးရဲ့ပြောပြချက်အရသိရပါတယ်။