ရခိုင်မှာ ဖမ်းဆီးခံထားရသူတွေ နှိပ်စက်ခံရတဲ့အခြေအနေ ထုတ်မပြောဖို့ စစ်တပ်က မိသားစုနဲ့ ကာ ယကံရှင်တွေကို ခြိမ်းခြောက်ထား

 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလတွေအတွင်း ဖမ်း ဆီးခံခဲ့ရသူတွေရဲ့အမှုအခြေအနေ၊ စစ်ကြော ရေးစခန်းက အခြေ အနေတွေနဲ့ ပက်သက်လို့ မီဒီယာတွေကို ထုတ်မပြောဖို့နဲ့ ထုတ်ပြောခဲ့ရင် ပြန်လွှတ်ပေးမှာမဟုတ်ဘူး ဆိုပြီး အာ ဏာသိမ်း စစ်တပ်က မိသားစုဝင်တွေကို ခြိမ်းခြောက်ထား တယ်လို့ ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တိုက်ပွဲကာလတွေအတွင်းမှာ ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ် စွဲချက် အပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု စွပ်စွဲချက်တွေနဲ့ ရာချီတဲ့အပြစ်မဲ့အရပ်သား ပြည်သူ တွေကို ဖမ်းဆီး၊ တရားစွဲဆိုထားတာပါ။

အဲဒီလို ဖမ်းဆီးထားစဉ် ရိုက်နှက်၊ နှိပ်စက်မှုတွေ ရှိပြီး ကြီးလေးတဲ့ပုဒ်မတွေနဲ့လည်း တရားရုံးတင် အမှုဖွ င့်ထားကာ အဲဒီအခြေအနေတွေကို ထုတ်မဖော်ဖို့ မိသားစုတွေကို ပြောထားတာလို့ ဆိုပါတယ်။

“သတင်းထောက်တွေကို မပြောရဘူး၊ ပြောရင် လွှတ်မပေးတော့ဘူးဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်၊ဘာမှ မ ပြောရဘူးလို့ ပြောတယ်”လို့  နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ တရားစွဲခံနေရသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

အဲဒီလို စစ်ကောင်စီတပ်က စစ်ကြောရေးကာလအတွင်း ရိုက်နှက်၊ နှိပ်စက်ခံခဲ့ရတာတွေကို မိသားစုက သ တင်းမီဒီ ယာတွေကို ထုတ်ပြောမိခဲ့တဲ့အခါမျိုးတွေမှာ ဖမ်းဆီးခံထားရသူကို ပစ်မှတ်ထားကာ ပိုမို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့လည်း ပြော ကြပါတယ်။

“နာမည်တွေ၊ နေရာတွေ မသုံးပါနဲ့၊အရင်တုန်းကလည်း ပြောမိလို့ အချုပ်ထဲမှာ အများကြီး အထုအထောင်း ခံရ တယ်၊ ဖိအားတွေလည်း အများကြီး အပေးခံရတယ်လို့ ပြောပါတယ်၊အပြင်မှာ တစ်ခုခုထုတ် ပြော လိုက်ရင် သူက အထဲမှာ တအားခံရတယ်”လို့ နောက်ထပ်ဖမ်းဆီးခံထားရသူတဦးရဲ့ မိသားစုဝင်ကလည်း ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုလို ဖမ်းဆီး၊ တရားစွဲဆိုထားသူတွေရဲ့အခြေအနေတွေကို ထုတ်မပြောဖို့ မိ သားစုကို ခြိမ်းခြောက်ထားသလို ဖမ်းဆီးပြီး ပြန်လွှတ်လိုက်သူတွေကိုလည်း စစ်ကြောရေးတွင်းက အခြေအနေတွေကို ထုတ် မပြောလို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

 “ပြန်လွှတ်လို့ တလကျော် နှစ်လလောက်အထိ အရိုက်ခံရတာက မသက်သာဘူး၊မလွှတ်ပေးခင်လည်း စစ် သား တွေက မှာတယ်၊ဘယ်သူ့မှ မပြောနဲ့ မီဒီယာတွေကိုလည်း မပြောနဲ့၊ ပြောရင် အိမ်အထိ လာဖမ်းမယ်၊ အကုန်သူ ကို လာဖမ်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်၊ မလွှတ်ပေးခင်က”လို့ အဖမ်းခံခဲ့ရပြီး ပြန် လွတ်လာသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းမှာ အပြစ်မဲ့အရပ်သားပြည်သူပေါင်း သုံးရာကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက နှစ်ရာကျော်ဟာ အခုအချိန်အထိ စစ်ကောင်စီလက်အောက်မှာ ထိန်းသိမ်းခံ နေရဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော်AA က ပြောထားပါတယ်။

အဲဒီလို ဖမ်းဆီးထားသူတွေကို ပုဒ်မတွေ တစ်ခုပြီး တစ်ခု ထပ်တိုးကာ တရားစွဲဆိုမှုတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေပါဝင်သလို ရိုက်နှက်နှိပ်စက်ခံရလို့ ရက် ရှည်ဆေးရုံတက် ကုသရတာ၊ အပြင်းအထန်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါ တယ်။

လက်ရှိမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲထားကြပြီး အပြန်အလှန် သုံ့ပန်းလဲ လှယ်မှု နှစ်ကြိမ်အထိ လုပ်ထားပေမယ့် တိုက်ပွဲကာလအတွင်း စွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင် ဒေသခံတွေကိုတော့ စစ်ကောင်စီကပြန်လွှတ်ပေးတာမရှိသေးပါဘူး။

AA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ပြီးနောက် လပိုင်းအကြာ အခုလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ မှာ လည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ရခိုင်ဒေသခံတွေ၊AA နဲ့ ဆက်စပ်သူတွေ စတဲ့ နိုင်ငံရေးအ ကျဉ်းသား တဦးမှ မပါလာဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။