တိုက်ပွဲပြင်းထန်ခဲ့တဲ့ မကျီးဇင်ရွာမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ ရွာခံအမျိုးသားရုပ်အလောင်းတွေ့

Photo – Social Media (AA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ မကျီးဇင်ရွာရဲကင်းစခန်း(ပုံဟောင်း))
 
ဇန်နဝါရီ ၃၀
 
အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်ခွဲ၊မကျီးဇင်ကျေးရွာထဲမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ ရွာခံအမျိုးသားတဦးရဲ့ရုပ် အလောင်း တွေ့ရလို့ ကောက်ယူ သင်္ဂြိုလ်ပေးလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
တိုက်ပွဲကြောင့် ရွာခံတွေအားလုံး စစ်ရှောင်နေကြရာက ရွာသားတချို့ အခြေအနေပြန်ကြည့်ကြချိန် ဇန်နဝါရီ ၂၈ ရက်မှာ အဲ့ဒီရုပ်အလောင်းကိုတွေ့ခဲ့တာလို့ သိရပါတယ်။
 
သေဆုံးနေသူဟာ မကျီးဇင်ရွာသား အသက် ၃၂ နှစ် အရွယ် မောင်ပု ဆိုသူဖြစ်ပြီး ရုပ်အလောင်းမှာသေနတ် ဒဏ်ရာ ရထားသလို ခြေထောက်တဖက် ခွေးစားသွားတဲ့ အခြေအနေနဲ့ပြန်တွေ့ရတာလို့ ရွာအခြေအနေပြန် ကြည့်ခဲ့တဲ့ မကျီးဇင်ရွာခံတဦးက DNAကိုပြောပါတယ်။
 
“မောင်ပုမှာ အကိုတယောက် ၊ ညီတယောက်ရှိတယ်၊စစ်ရှောင်နေကြတာ ရှာမရသေးဘူး” လို့ သူကဆိုပါတယ်။
 
သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်လို့မရသေးတာကြောင့် ရွာထဲပြန်ဝင်ခဲ့ကြသူတွေကပဲ အဲ့ဒီရုပ်အ လောင်းကို တွေ့ရှိတဲ့နေ့မှာ သင်္ဂြိုလ်ပေးလိုက်တာလို့ သိရပါတယ်။
 
သေဆုံးသူဟာ တိုက်ပွဲတွေအတွင်း သေနတ် ထိမှန် သေဆုံးတာ၊ဒါမှမဟုတ် ပစ်သတ်ခံရတာလားဆိုတာ အတည် မပြုနိုင်သလို ဘယ်နေ့ကသေဆုံးခဲ့တယ်ဆိုတာလည်း ဒေသခံတွေကိုယ်တိုင် အတည်မပြုနိုင်ကြသေးပါဘူး။
 
မကျီးဇင်ကျေးရွာဟာ ရခိုင်-ဧရာဝတီအစပ်က ဂွမြို့နဲ့ ၁၅မိုင်လောက်သာဝေးပြီး ဂွမြို့ကို အာရက္ခတပ်တော် AA သိမ်းပိုက်ပြီးနောက် အဲ့ဒီကျေးရွာနဲ့ အနီးတဝိုက်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့တာပါ။
 
နှစ်ဖက်တိုက်ပွဲတွေကြား ထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြချိန် ခိုးယူခံရတာတွေလည်းရှိတာကြောင့် အိမ်ခြေ ငါးရာကျော်ရှိတဲ့ မကျီးဇင်ကျေးရွာကနေအိမ်အများစု လက်ရှိမှာ အကောင်းပကတိအတိုင်းရှိမနေကြတော့ဘူးလို့ ရွာထဲပြန်ရောက်ခဲ့တဲ့ ဒေသခံက DNAကိုပြောပါတယ်။
 
“ဗုံးထိလို့ပျက်စီးတဲ့အိမ်တွေနဲ့ သူခိုးတွေဝင်ထားတဲ့အိမ်တွေနဲ့ အကောင်းမရှိတော့ဘူး” လို့ သူကပြောပါတယ်။
 
မကျီးဇင်ကျေးရွာအဝင်အဝမှာတော့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ပုံစံကိုမြင်တွေ့ရတယ်လို့လည်းဆို ပါတယ်။
 
မကျီးဇင်ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးလွတ်နိုင်တဲ့ အနီးဝန်းကျင်ကျေးရွာတချို့၊ ပုသိမ်၊သာပေါင်း စတဲ့ မြို့တွေမှာ သွားရောက်စစ်ဘေးရှောင်နေကြရတာပါ။
 
လက်ရှိမကျီးဇင်ရွာနဲ့အနီးတဝိုက်မှာတော့ စစ်ကောင်စီတပ်ရော၊အာရက္ခတပ်တော် AAပူးပေါင်းတပ်တွေပါ တပ်စွဲ အခြေချထားတာမရှိသလို စစ်ဘေးရှောင်အများစုလည်း နေရပ်မပြန်ကြသေးဘူးလို့သိရပါတယ်။
 
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ပထမအပတ်ကတည်းက မကျီးဇင်ကျေးရွာ တဝိုက်မှာထိတွေ့မှုတွေစဖြစ်ခဲ့တာပါ။စစ်ကောင်စီတပ်တွေကတော့ ဧရာဝတီတိုင်းထဲမှာတိုက်ပွဲတွေမရှိ သေးချိန်၊ ဂွမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်ကတည်းက မကျီးဇင်ဒေသတဝိုက်မှာ တပ်စွဲအခြေချတာ၊အဲ့ဒီကနေ ဂွဘက်ကို စစ်ကူလွှတ်တာမျိုးတွေလုပ်နေခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
 
အဲ့ဒီနောက်ပတ်အကြာလောက်မှာ AA ပူးပေါင်းတပ်တွေက မကျီးဇင် ကျေးရွာနဲ့ အဲ့ဒီရွာအနီးက ဘောမိရွာ တွေကိုပါသိမ်းပိုက်ပြီး လက်ရှိမှာ သာပေါင်းမြို့နယ် အစွန်က ကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက် ဖြစ်နေပါတယ်။