လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းလည်ပတ်မှုပြန်လုပ်နေတယ်လို့ဆို

အာဏာမသိမ်းခင်ထဲက လည်ပတ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားပြီလို့ဆိုထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းမှာစစ်ကောင်စီ တပ်သားတွေ ဝင်ရောက် တပ်စွဲ ထား ပြီးနောက်ပိုင်း ကြေးနီသန့်စင်မှုတချို့ပြုလုပ်နေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအင်အားစု တွေက ပြောပါတယ်။

“ကြေးနီတောင်ဖက်ကတော့မလုပ်ဘူး၊ဒေသခံတွေနဲ့နားလည်မှုယူပြီးရပ်ထားတဲ့သဘော၊လက်ပံတောင်းကတော့ဘာသဘောတူညီတာမှမရှိဘူးဆိုတော့သူတို့ပစ်တဲ့အခါပစ်တယ်၊ဒီဘက်ကလဲသူတို့အင်အားများလာရင်ရှိတဲ့လက်နက်နဲ့ပစ်တယ်၊အဲ့လိုကတော့ရှိတယ်၊လက်ပံတောင်းမှာကဒီကောင်တွေစမ်းပစ်လို့သေတာတွေရှိ တယ်၊အဲ့မှာ ကြေးနီဒီကောင်တွေသွားသွားထုတ်တယ်၊ကြိတ်ပြီးလည်ပတ်နေတာပေါ့ “လို့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တခုဖြစ်တဲ့မဟူရာဒေါင်းမင်းအဖွဲ့တာဝန်ရှိသူတဦးကDNAကို ပြောပါတယ်။

အဲ့ဒီစီမံကိန်းထဲကနေသန့်စင်ပြီးသားကြေးနီတွေလာယူတဲ့အချိန်တွေမှာတော့စစ်ကောင်စီက အနီးအနားဝန်း ကျင်ကျေးရွာတွေထဲ ရမ်းသမ်းပစ်ခတ်တာ၊စစ်ကြောင်းထိုးဝင်ရောက်တာ တွေရှိနေတယ်လို့ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

ကြေးနီလာရောက်သယ်ဆောင်တဲ့ကားတွေနဲ့အတူစစ်ကောင်စီတပ်တွေကပစ်ခတ်မှုတွေလုပ်လေ့ရှိတဲ့အ တွက်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အပြန်အလှန် ပစ်ခတ်ကြတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်အင်အားမမျှတတဲ့ အခြေအနေဖြစ်နေတယ်လို့ ကာကွယ်ရေး အင်အားစုတွေက ပြော ပါတယ်။

လက်ပံတောင်းဒေသ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက အခုနှစ် မေလအတွင်း လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကို လည်ပတ်ခွင့်ပြုမှာ မဟုတ်ဘူးသလို အဲ့ဒီ့ကဝန်ထမ်းတွေ နဲ့ ဆိုင်တွေကိုလည်း အမြန်ဆုံး ထွက်ခွာဖို့သတိပေးထုတ်ပြန်ခဲ့ဖူးပါတယ်။

အဲ့ဒီစီမံကိန်းကို လုပ်ကိုင်နေတဲ့ တရုတ်ပိုင်  မြန်မာဝမ်ပေါင်  ကုမ္ပဏီကတော့ ကြေးနီစီမံကိန်းကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းထားပြီး မြန်မာဝန်ထမ်းတချို့က ဆန္ဒသဘောအရ သတ္တုတွင်း ဧရိယာ အတွင်း နေထိုင်ပြီး စက်ရုံထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်တယ်လို့ အခုနှစ် ဇွန်လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်အဲ့ဒီ့နောက်ပိုင်းမှာစစ်ကောင်စီတပ်သားတွေဟာ စီမံကိန်းမြေအဖြစ်မတရား သိမ်းဆည်းခံထား ရတဲ့ ကျေးရွာ ၂၆ ရွာကို စစ်ကြောင်းထိုးတာ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပိုက်ဆိတ်တိုက်လိုက်ရှာ တာ တွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကြေးနီစီမံကိန်းဝန်းထဲကနေ အနီးအနားဝန်းကျင် ကျေးရွာတွေကို ပစ်ခတ်မှုတွေ လုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ (၂၈)ရက်ကလည်း အဲ့ဒီ စီမံကိန်းဝန်းထဲကနေ အနီးတဝိုက်ကို ရမ်းသန်း ပစ်ခတ်ခဲ့ သေး တယ်လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီက အကျိုးခံစား ခွင့် ၁၉ ရာခိုင်နှုန်း  အ မှတ်(၁)သတ္တုတွင်း လုပ်ငန်းက (၅၁) ရာခိုင်နှုန်း၊ တရုတ်အခြေစိုက်ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာ ဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ခွဲယူထားပြီးနှစ် ၆၀ စီမံကိန်းနဲ့ဒေသခံတွေရဲ့ သဘောတူညီမှုမရှိပဲလုပ်ကိုင်နေတာပါ။