စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာအနီး ချင်း တွင်းမြစ်ထဲမှာ သောင်တင်နေတဲ့ စစ်ကောင်စီသ င်္ဘောလေးစီးကို ဒီဇင်ဘာ (၂၄) ရက် နဲ့ (၂၅) ရက် မနက်ပိုင်းတွေမှာကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ကထုတ်ပြန်ပါတယ်။
အရှေ့ဝါးတန်းကျေးရွာက ပကဖ၊ ပအဖ အကူ အညီနဲ့ ပူးပေါင်းစစ်ဆင်ဆင်ရေးပြုလုပ်ခဲ့တာဖြစ် တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ် ကောင်စီဘက်ကအကျအဆုံးရှိနိုင်ပြီး မဟာတပ် ပေါင်းစုဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင် ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( Chindwin Attack Force) တပ်ရင်း -၄၊ Kani Ice နဲ့ဒေသခံအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်ကနေကနေ ၂၂ ရက်အတွင်းစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်တပ် ဘက်က ကြည်း၊ရေ၊လေ တပ်အားလုံးအသုံး ပြု တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေရှိသလို ကာကွယ်ရေး တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ပြီး ၂၀ ဝန်းကျင်ထိခိုက်ဒဏ် ရာရရှိထားတယ်လို့ ဒေသခံ တော်လှန်ရေးအင် အားစုတွေဆီကသိရပါတယ်။
“ခုရက်ပိုင်းအတွင်းကတော့ လက်နက်ကြီး တွေနဲ့ပစ်ခတ်တာလောက်ပဲရှိတယ်၊ဟိုလိုတိုက်ပွဲကြီးဖြစ်ပွားတာမျိုးတော့မရှိဘူး၊စစ်ကောင်စီသင်္ဘော တွေဆီကနေ နေ့တိုင်းနီးပါး လက်နက် ကြီးတွေနဲ့ ခြောက်လှန့်ပစ် ခတ်တာမျိုးတွေ တော့ ရှိတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းလာမယ်ဆိုတဲ့သတင်း ကြားကတည်းက ကနီမြို့နယ်ချင်းတွင်း မြစ်ကမ်း ဘေး ကျေးရွာ နှစ်ဆယ့်ငါးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီး ခုဆိုရင် တပတ်ကျော်ပြီ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီသင်္ဘောတွေဟာ အခုအချိန်မှာ ချင်း တွင်းမြစ်ထဲသောင်တင်နေပြီး ဘယ်အချိန်မှာ ကျေးရွာတွေကိုတက်လာမလဲမသိနိုင်တာကြောင့် ဒေသခံတွေဟာကျေးရွာတွေကိုပြန်လည်ဝင်ရောက်နိုင် ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။
စစ်ဘေးရှောင်ချိန်ကြာလာတာနဲ့အမျှ စစ်ဘေး ရှောင်ချိန်ကြာလာတာ နဲ့အမျှ သက်ကြီး ရွယ် အိုတွေဟာအအေးဒဏ်ကိုခံစားနေရပြီး ကျန်းမာ ရေးအတွက်စိုးရိမ်ရသလို ကလေးတွေရဲ့ ပညာ သင်ကြားရေးလည်းထိခိုက်ရတယ်လို့ ဒေသခံ တွေကဆိုပါတယ်။
ဟုမ္မလင်းအထိသွားမယ်လို့ယူဆရတဲ့စစ်ကောင်စီသင်္ဘောတွေဟာ နတ်ကြီးရွာတဝိုက် ချင်းတွင်း မြစ်ထဲမှာ သောင်တင်နေတာ ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရေနည်းပါးချိန်မှာ ဧရာ ဝတီ မြစ် တွင်းသွားသင်္ဘောတွေကို စစ်ကောင်စီက အသုံး ပြုတာကြောင့်အခုလိုသောင်တင်နေတာဖြစ်ပြီး ဒီသင်္ဘောတွေနဲ့ ဟုမ္မလင်းအထိ ရောက်အောင် သွားဖို့မလွယ်ဘူးလို့ချင်းတွင်းရေကြေင်းသွားလာရေးအတွေ့အကြုံရှိသူတဦးကပြောပါတယ်။