ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှုတွေကို လာမယ့် ၃၀ ရက်နေ့အပြီးသတ်အမိန့်ချမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲတရားစွဲထားတဲ့ အဂတိအမှုတွနဲ့ ပက်သက်ပြီး အပြီးသတ်အမိန့်ကို အခုဒီဇင်ဘာလ ၃၀ ရက်မှာ အမိန့်ချမယ်လို့ တရားရေးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

အဲဒီအမှုတွေအတွက် ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ နှစ်ဖက်စစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်ပြီး  အမိန့်ချသင့် မချသင့်ကို ရှေ့နေတွေကအပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က တင်ပြထားတဲ့ သက်သေ ၅ ဦးမှာ ဒုတိယသမ္မတ ဦးဟင်နရီဘန်ဒီယူကိုယ်တိုင် အဲဒီအမှုတွေနဲ့ ပက်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သမ္မတဦး ဝင်မြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ – ၅၅ နဲ့ အမှုငါးမှုနဲ့ အာဏာသိမ်းစစ်တပ်က စွပ်စွဲပြီးတရားစွဲထားတာပါ။

စစ်တပ်က အာဏသိမ်းပြီးနောက် အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်သိမ်းပြီးအမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲတရားစွဲဆိုခဲ့ပါတယ်။

အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ကို စစ်အုပ်စုရဲ့ တရားရုံးက အမိန့်ချထားပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ နောက်ဆုံးအမှုတွေဖြစ်တယ်လို့သိရပါတယ်။