ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ဖက်ဒရက်ပြည်ထောင်စုအရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအရေး စည်းရုံးဟောပြောခဲ့ပြီး ‘ဖက်ဒရယ်စနစ်နှင့် နိုင်ငံရေးပြဿနာ’ ဆောင်းပါးတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။
‘’ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ မတရားအနိုင်ကျင့်မှုတွေအကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရတွေအကြောင်းကို ပိုသိရလေ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပိုပြီးပါဝင်လာလေပါပဲ။
ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ပြည်သူတွေကို အသိပညာပေး စည်းရုံးရေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် လုပ်ဆောင်နိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုပါတယ်’’ သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။