စစ်ကောင်စီက မြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းဖြန်နေတဲ့ကြားကပဲ ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ပြည်သူတချို့ဟာ ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ စစ်အာဏာရှင်ကို သပိတ် မှောက်ခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသတွင်းမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ နှစ် ပတ်လည်နေ့တွေကို ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ပုံစံမျိုးစုံနဲ့ သပိတ်ပုံဖော်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တဦးက ဆိုပါတယ်။
ဒီနေ့မှာ ကလေးမြို့ ပင်မသပိတ်ဟာ ” ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို မပျက်မကွက် ရက်ဆက်သပိတ်မှောက်လာတာ ရက်ပေါင်း ၆၈၃ ရက် ရှိခဲ့ပြီဖြစ်ပါတယ်။