ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၇) ရက် ဒီကနေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ ဟောပြောပွဲမှာ သပိတ်ဦးဆောင်သူတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ဟောပြောခဲ့တဲ့အပြင် စစ်အာဏာသိမ်းပြီးကတည်းက ဆုံးရူံးခဲ့ရတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တက်ရောက်လာတဲ့ ပြည်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို အလေးပြုတာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြတာတွေလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးမြို့ ပင်မသပိတ်အင်အားစုဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ ဆန့်ကျင်သပိတ်မှောက်လာတာ ရက်ပေါင်း (၆၇၉) ရက်ရှိပြီဖြစ်ပါတယ်။