အင်းစိန် BPI စက်ရုံရှေ့က စစ်တပ်အတွင်း ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က BPI ဆေးဝါးစက်ရုံအရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်အတွင်း ဒီဇင်ဘာ(၁၅)ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပြီးစစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တွေက ပြောပါတယ်။

“ပေါက်ကွဲတဲ့အသံကြားပြီး နောက်တော့ဆေးရုံကားတွေရောက်လာတယ်၊ နှစ်ယောက်ထိတယ်လို့လည်း ကြားတယ်၊ မင်္ဂလာဒုံစစ်ဆေးရုံဘက်ကိုတော့ မောင်းထွက်သွားတာတွေ့လိုက်တယ်”လို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ စစ်ကောင်စီတပ်အနီးရပ်ကွက်မှာနေထိုင်သူ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဆက်သွယ်ရေးတပ်တစ်ခုဖြစ်ပြီး အရှေ့ဘက်မှာBPIဆေးဝါး စက်ရုံ၊ ယာဘက်အခြမ်းမှာ မီးရထားလမ်းနဲ့nဗဟိုလမ်း၊ ဝဲဘက်အခြမ်းဟာ ဘုရင့်နောင်လမ်းမကြီးနဲ့ အနောက်ဘက်မှာ လူနေ ရပ်ကွက်တည်ရှိတဲ့ တပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီတပ်အတွင်း မနေ့ကညက လျှော့တိုက်ဒုန်းနဲ့ပစ်ခတ်တိုက်ခံရတယ်လို့လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြတာတွေလည်းရှိပေမယ့် DNA အနေနဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တာကိုသာ အတည်ပြုနိုင်ပြီး ဘာကြောင့်ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

ဒေသခံတချို့ကတော့ ဗုံးပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

“ပေါက်ကွဲတဲ့အသံတော့ကြားလိုက်ရတယ်၊အဲ့ဒီစစ်တပ်နားက ပေါက်တာတော့ဟုတ်တယ်၊ ဗုံးပေါက်တာပဲ ဖြစ် နိုင်တယ်၊ဒုံးနဲ့ပစ်တာတော့မဖြစ်နိုင်ဘူး”လို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ စစ်ကောင်စီတပ်အနီးရပ်ကွက်မှာနေထိုင်သူ ဒေ သခံတဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေး အင်အားစုတွေက တစုံတရာ ထုတ်ပြန်ပြော ဆိုတာ မရှိသေးပါဘူး။