ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဘိုဘိုငယ် ကိုစစ်အုပ်စုတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အမျိုးသားဒီမိုကရေစီ အစိုးရလက်ဖက်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဘိုဘိုငယ်ကို စစ်အုပ်စုရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်အုပ်စု ရဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာလို့ အကျဉ်းထောင်နဲ့နီးစပ်သူ တဦးကပြောပါတယ်။

 

” အဂတိမှု နဲ့ စွဲထားတဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ချလိုက်တာလိုသိရတယ် ” လို သူကပြောပါတယ်။

 

ဦးဘိုဘိုငယ်ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဒုတိယဝန်ကြီးအိမ်ယာမှာ စစ်ကောင်စီတပ်သားတွေက  လူကြီးခဏတွေ့ရမယ် ပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

 

စစ်အုပ်စုက သူကိုဖမ်းဆီးပြီး အချိန် ၁ နှစ်ကျော်အကြာမှာ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၂ မှုနဲ့ တရားစွဲခဲ့တာပါ။

 

စစ်ကောင်စီက ဦးဘိုဘိုငယ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံခြားငွေရောင်းဝယ်ရာနဲ့ လွဲပြောင်းရာတွေမှာ နိုင်ငံတော်ဘဏ္ဏငွေနစ်နာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တရားစွဲဆိုတယ်လို စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

ဦးဘိုဘိုငယ်နဲ့ပတ်သက်လို့ မကြာသေးခင်ကမှ အကျဉ်းထောင်ထဲကပြန်လွတ်မြောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်က သူပြန်လွတ်မြောက်လာချိန်မှာ ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာအခုလိုပြောကြားခဲ့ပါတယ်။

ဦးဘိုဘိုငယ်ဟာ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်ပြီးတော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ငြိမ်းချမ်းစွာနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ပြီး အကျင့်ပျက်ခြစားတဲ့ ဘဏ်လုပ်ငန်းရှင်တွေကတော့အပြင်မှာငွေကြေးခဝါချမှုတွေလုပ်နေတာဟာဆိုးရွားတဲ့ တရားမမျှတမှုတခုဖြစ်တယ်’’လို့ မစ္စတာရှောင်တာနယ်ကဆိုပါတယ်။