ဟောပြောပွဲသပိတ်လုပ်ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဒီဇင်ဘာ (၁၅) ရက် ဒီကနေ့ ကလေးမြို့ တနေရာမှာ စစ်အာဏာရှင်ကို စည်းစည်းလုံးလုံးနဲ့ အမြစ်ပြတ်တော်လှန်သွားဖို့ ဟောပြောပွဲသပိတ် လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သပိတ်အခမ်းအနားမှာ အမျိုးသားရေး အစွန်းရောက်မှုတွေကို ရှောင်ကြဥ်ပြီး တိုင်းရင်းသားညီအစ်ကိုတွေ တန်းတူအခွင့်အရေးတွေရရှိအောင် ကြိုးစားကြဖို့ ဟောပြောဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နေ့စဥ်သပိတ်လုပ်နေတဲ့အတွက် ပြည်သူတွေဟာ တော်လှန်းအသိနိုးကြားနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီရဲ အမှားတွေကိုသိနေတော့ နိုင်ငံရေး အကြောင်းအများကြီး နားမလည်ရင်တောင် တော်လှန်ရေးမှာ ပါဝင်ဖို့အတွက် လုံလောက်နေတယ်ဆိုတာကို ပြည်သူတွေ ကောင်းကောင်းသိနေပါတယ်ဗျ” လို့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေးမြို့ပင်မ သပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်ဆန္ဒပြလာတာ ရက်ပေါင်း (၆၇၇) ရက်ရှိခဲ့ပြီ ဖြစ်ပါတယ်။