သွေးမအေးဖို့ သတိပေးစာတန်းနဲ့ ကလေးမြို့က ပြောက်ကျားသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုဝင်တွေဟာ ဒီဇင်ဘာ ၁၉ ရက်ဒီကနေ့မှာ “ထောင်ထဲမှာတော့ သေနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” စာတန်းကို ကလေးမြို့ထဲက ဆိပ်ကမ်းသာတံတားမှာချိတ်ဆွဲကာ တော်လှန်ရေးအတွက် သွေးမအေးသွားကြဖို့ သတိပေးတိုက်တွန်းတဲ့ လှုပ်ရှားမှုတခုလုပ်ခဲ့ပါတယ်။

ဆိပ်ကမ်းသာတံတားဟာ ကလေးမြို့ရဲ့ လူသွားလူလာများတဲ့ နေရာထဲကတခုဖြစ်ပြီး ကလေးမြို့ အဓိက လမ်းမကြီးနှစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ လမ်းမတော်ကို ဆက်သွယ်ထားတဲ့လမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

ကလေးမြို့ပင်မသပိတ်အင်အားစုဟာ မြို့နယ်တွင်းကျေးရွာတွေမှာ ဟောပြောပွဲသပိတ်တွေ ပြုလုပ် နေရာကနေ ဒီကနေ့မှာ မြို့ပေါ်တက်ပြီး ပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိ သပိတ်မှောက်လာတာ (၆၈၁) ရက်ရှိခဲ့ပြီ ဖြစ်ပါတယ်။