နွေဦးပုံရိပ်လွှာ

နွေဦးတော်လှန်ရေးဟာ လူထုအောင်ပွဲနဲ့ နိဂုံးချုပ်မှာ အသေအချာပါ။ဒီလိုဆိုရင် လှောင်ရယ်ချင်သူတွေ က ခပ်များ များ။သို့ပေမယ့် ဒီလိုဆိုနိုင်စရာ ခိုင်ခိုင်မာမာ အကြောင်းတရားတွေက ရှိနှင့်ပြီးသားပါ။အခုပြောမယ့် အကြောင်း တရားကတော့ စစ်အုပ်စု ကိုယ်တိုင်က အတည်ပြုပေးထားတဲ့ လူထုရဲ့အားသာချက်တခုပါ။

လူထုဘက်မှာ လူစွမ်းကောင်းတွေရှိတယ်။နိုင်ငံခြား ရုပ်ရှင်ထဲက စူပါဟီးရိုးတွေထက်စွမ်းတဲ့ လူစွမ်းကောင်းတွေ နွေဦးဘက်မှာတကယ်ရှိပါတယ်။

ဘယ်လောက် စွမ်းသလဲဆိုတော့ တမလွန်ခရီးနှင်ပြီးသူတွေတောင် ရှင်သန်ထမြောက်လာပြီး နွေဦးတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နိုင်တဲ့အထိ စွမ်းသူတွေ နွေဦးမှာ တကယ်ကိုရှိနေတာပါ။စစ်ကောင်စီက ထောင်ထဲဖမ်း ထည့်ထား ပေမယ့် မြေလျှိုးမိုးပျံနိုင်သူတွေလည်းရှိသေးတယ်။

ဒီအကြောင်းကို မယုံသူတွေ၊ဟားတိုက်လိုသူတွေအနေနဲ့  စစ်ကောင်စီရဲ့ အောက်တိုဘာ (၃၁)ရက်ညပိုင်း သတင်း ထုတ်ပြန်ချက်နဲ့ နိုဝင်ဘာ(၁)ရက် သတင်းစာတွေကို ပြန်လေ့လာသင့်ပါတယ်။

သိပ်မကြာသေးခင်က ဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီ တိုက်ပွဲ တွေမှာ စောစောကပြောသလို အစွမ်းရှိသူတွေ နွေဦးသူရဲကောင်းတွေနဲ့အတူ ပါဝင် စီမံတိုက်ခိုက်ခဲ့ကြသတဲ့..။ 

အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကပျောက်ကွယ်နေရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မှတ်မိကြဦးမှာပါ။ပျောက်ဆို စစ်ကောင်စီက အာဏာသိမ်းပြီဟေ့ဆိုကတည်းက ထောင်ထဲဖမ်းထည့်ထား တာ လေ။

ဒါပေမယ့် ကျိုက်ထီးရိုးပစ်ခတ်မှု လုပ်သူတွေလို့ စစ်ကောင်စီက ထုတ်ပြန်တဲ့အထဲ ဒေါက်တာ အေးဇံက ထိပ် ဆုံးမှာ ပြူးလို့..။မြေလျှိုး မိုးပျံနိုင်တဲ့ အစွမ်းမရှိဘဲတော့ ထောင်ထဲက ဒေါက်တာအေးဇံတယောက် ကျိုက်ထီးရိုး ပစ်ခတ်မှုမှာ ပါဝင်နိုင်မှာမဟုတ်ဘးမို့လား..။

အဲ့ဒီ အကျဉ်းစံဝန်ကြီးချုပ်ထက် ပိုအစွမ်းထက်သူတွေလည်းရှိပါသေးတယ်။KNU တပ်မဟာမှူး ဗိုလ်မှူးချုပ် စော ပလေ့နဲ့ ဘီလင်းNLD အမတ် ဦးကျော်မျိုးမင်းတို့ပေါ့။သူတို့က ပိုထူးတဲ့ ပုဂ္ဂိလ်တွေ။

ကျိုက်ထီးရိုးပစ်ခတ်မှုအတွက် စစ်ကောင်စီရဲ့ တရားခံစာရင်းထဲထည့်သွင်းဖော်ပြခံရတဲ့ သူတို့နှစ်ယောက်လုံးဟာ ကွယ်လွန်ခဲ့ပြီးသူတွေ။

ဗိုလ်မှူးချုပ်စောပလေ့ဆိုရင် ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ရောဂါကြောင့်ကွယ်လွန်ခဲ့တာ။ကျိုက်ထီးရိုး ပစ် ခတ်မှုဖြစ်ချိန်မှာ သူကွယ်လွန်တဲ့ နှစ်ပတ်လည်ကိုလွန်လို့ လပိုင်းတောင်စွန်းရောပေါ့။ဒါပေမယ့် ကျိုက်ထီးရိုး ပစ် ခတ်မှုမှာသူလည်း တာဝန်ရှိသူတယောက်ဖြစ်တယ်လို့ စစ်အုပ်စုက ဖော်ပြတယ်။ 

ဘီးလင်း NLD အမတ် ဦးကျော်မျိုးမင်းကတော့ ကွယ်လွန်ခဲ့တာ လပိုင်းပဲ ရှိပါသေးတယ်။အခုနှစ် ဇွန်လထဲ မှာ သူကွယ်လွန်ခဲ့တာပေါ့။

ဘီးလင်းမြို့နယ် NLD ဥက္ကဌလည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းကို တခြား NLD ပါတီဝင် နှစ်ဦးနဲ့အတူ  ဇွန်လနှောင်း ပိုင်းမှာ စစ်တပ်က ဖမ်းသွားခဲ့တာ၊အဲ့ဒီနောက် ဇူလိုင် ၂ရက်မှာ သူတို့ရဲ့ရုပ်အလောင်းတွေကို မြေကြီးထဲက ပြန်ရှာ တူးဖော်တွေ့ခဲ့ကြရတာ။

ဆိုခဲ့သလို မြေမြှုပ်အလောင်းဖျောက်ခံခဲ့ပေမယ့် ဦးကျော်မျိုးမင်းဟာ ရှင်သန်ထမြောက်လာပြီး ကျိုက်ထီးရိုး ပစ် ခတ်မှုကို  စီမံကွပ်ကဲခဲ့ပုံရပါတယ်။ဒီလိုမှပဲ စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ကိုက်ညီမယ်မဟုတ်လား။

ဘုရားဖူး ပြည်သူတချို့ သေပွဲဝင်ခဲ့ရတဲ့ ကျိုက်ထီးရိုးပစ်ခတ်မှုဟာ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်လို့ ပေါ်လွင် စေချင်တဲ့ စစ်ကောင်စီက ဒီလို ယုတ္တိမတန်တဲ့ ထုတ်ပြန်ဖော်ပြမှုတွေကိုပါ သုံးပြီး ဝါဒဖြန့်ခဲ့တာပါ….။

တော်တော်ကသောင်းကနင်းနိုင်တဲ့ လုပ်ရပ်လို့ပဲ ဆိုရတော့မယ်ထင်ရဲ့…။

တဖက်ကကြည့်ရင်တော့လည်း ဒါဟာ ဘယ်သူယုံယုံ၊မယုံယုံ ငါတို့လုပ်စရာရှိတာ‌တော့ လုပ်ကိုလုပ်နေရ မယ် ဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ စစ်အုပ်စုက ဆက်လျှောက်နေတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။တကယ်လည်း စစ်အုပ် စုဟာ သူတို့အာဏာခိုင်မာစေဖို့အတွက် လုပ်စရာရှိတာအားလုံးကို ဘယ်မျက်နှာမှမကြည့်ဘဲ တစိုက်မတ်မတ် လုပ်နေတယ်။

လူသတ်၊အကြမ်းဖက်၊ပြည်သူကို သတ်ဖြတ် စသည်စသည် ကြိုက်သလို စွပ်စွဲပါစေ သူတို့နှုတ်ကတော့ အမျိုး၊ ဘာသာ၊သာသနာကို စောင့်ရှောက်နေတဲ တပ်မတော်ကြီးလို့ ကြွေးကြော်နေတုန်းပဲ။ဝါဒဖြန့်စရာရှိတာမ ကြောက် တမ်း၊မရှက်တမ်း ဖြန့်နေသလို တိုက်စရာရှိတိုက်၊သတ်စရာရှိသတ်ဆိုတဲ့ မူနဲ့ စစ်အုပ်စုက သူ့ထွက် လမ်းကိုသူ ပုံ ဖော်နေတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုပဲ ဝေဖန်နေကြပစေ၊လက်ရှိအချိန်မှာတော့ ဒါဟာ သူ့ရဲ့ အကောင်း ဆုံးလက်နက်လို့ ကောင်းကောင်းသိတယ်။စနစ်တကျ အသုံးချတယ်။အနန့်ပါကပေါက်ကွဲသံတွေ မတိတ် သေး ခင်၊သွေးတွေ မခြောက်သေးခင်မှာပဲ နောက်ထပ် လေကြောင်းတိုက်ခိုက်စီးနင်းမှုတွေကို ဆက်တိုက်ကြားနေမြင် နေရဆဲပဲ။

NUG ကတော့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းသေဆုံးသူ ပြည် သူ နှစ်ရာကျော်ခဲ့ပြီလို့ဆိုတယ်။အာဏာသိမ်းပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း အကြိမ် (၂၄၀)နီးပါး ပြုလုပ်ခဲ့တယ်လို့ NUG ရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေက အဖျက်စွမ်းအား ကြီးမားပေမယ့် စစ်ရေး အဆုံးအဖြတ်ပေးနိုင်တဲ့ ယန္တရားတခုမဟုတ်ဘူးလို့ ပြောတယ်။လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့် တားနိုင်ဖို့အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ လိုအပ်မယ်လို့ သူကဆိုပါတယ်။

“လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်၊ ဒီလက် နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်”လို့ ဦးရည်မွန်ကပြောတယ်။ 

စစ်အုပ်စုဟာ မြေပြင်မှာတော်လှန်ရေးအင်အားကို မယှဉ်နိုင်တော့ဘဲ အရေးနိမ့်လာတာနဲ့အမျှ လေကြောင်းကို ပိုအားပြုလာတာတွေ့ရပြီး လာမယ့်ကာလတွေမှာလည်း အရပ်ဘက်၊စစ်ဘက်မရွေး လေကြောင်း အကြမ်း ဖက် မှုကို ပိုမို ကျူးလွန်လာဖွယ်ရှိနေတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးသတိကို အမြင့်ဆုံးတပ်လှန့်ထားဖို့လိုအပ်တယ်လို့ သူကတဆက်တည်း သတိပေး ပါ တယ်။လက်ရှိမှာလည်းစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟဟာ နွေဦး သူရဲကောင်းတွေနဲ့ နွေဦး ဘက် တော်သားတွေအတွက် အိပ်မက်ဆိုးတခုအဖြစ် ရှိနေတာကို သံသယရှိစရာမလိုပါဘူး။

ဒါပေမယ့် ဒီအချက်ကြောင့် နွေဦးခရီးကြမ်းဟာ နောက်ပြန်ဆုတ် ရပ်တန့်သွားမှာမဟုတ်ဘူးဆိုတာလည်း သံသ ယဖြစ်စရာမလိုတဲ့အချက်ပါ။လေကြောင်းနဲ့သာ စစ်ကိုအဆုံးအဖြတ်ပေးနိုင်ခဲ့ရင် နှစ်ခုနစ်ဆယ်ကျော်ကြာ ပြည် တွင်း စစ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ။

နွေဦးဟာလည်း အစကတည်းက အခက်အခဲ လိုအပ်ချက်တွေကို တဆင့်ချင်းဖြည့်တင်းတည်ဆောက်ရင်း လက် နက်မဲ့နဲ့ စတင်ခဲ့ရတဲ့ လူထုတော်လှန်ရေးမဟုတ်လား။

နွေဦးမှာ ဒီလို အခက်အခဲတွေနဲ့ ဆိုပေမယ့် စစ်အုပ်စုမှာလည်း သူ့အကျပ်အတည်းနဲ့သူပဲ။ဒါပေမယ့် စစ်အုပ်စုဟာ ဟန်မပျက် ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေနတုန်းပဲ။

မင်းအောင်လှိုင်ကလည်း သူ့ကိုယ်သူ သာသနာပြု၊မင်းကောင်းမင်းမြတ်ကြီးအဖြစ် ဟန်လုပ်ပုံဖော်နေတာတွေကို ဆက်လုပ်ပြနေတုန်းပဲ။သူ့လက်ထက်မှ ဆင်ဖြူတွေလည်း တစီးပြီးတစီး ထွက်လိုက်ကြတာ..။ ဘယ်သူဖြူဖြူ၊ မ ဖြူဖြူ ခပ််တည်တည်နဲ့ ငါ့ဆင်ဖြူဟဲ့လို့ ဂိုက်ပေးကြမ်းတုန်းပဲ။

NUG နဲ့ PDF တွေကသာ နယ်မြေဘယ်လောက်စိုးမိုးနိုင်ပါပြီ ဘာညာပြောကြတာ၊မင်းအောင်လှိုင်ကတော့ နိုင်ငံ တပတ်ခရီးတွေထွက်လို့ တပ်တွင်းကိုစည်းရုံးလိုက်၊ရွေးကောက်ပွဲကြီးလာတော့မည်လို့ ဒီမိုကရေစီ လေသံ တွေ ပစ်လိုက်နဲ့ ပျော်လို့မဆုံး တပြုံးပြုံး ရှိနေတုန်းပဲ။

ပူတာအိုသွားမယ့် လေသံထပ်မကြားရတော့တာကတော့ တပိုင်းပေါ့။ 

ဒီမိုကရေစီ လေသံတွေသာ တွင်တွင်အော်နေတာ တဖက်မှာလည်း  ဥပဒေတခုပြီးတခုပြင်ရင်း လူထုအပေါ် ကြိုး နီတွေ တရစ်ပြီး တရစ်ခပ်တင်းတင်းချည်နေတုန်းပဲ။ ရာဇသတ်ကြီးဥပဒေကိုပြင်တယ်၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကိုပြင်တယ်၊အမျိုးသားပညာရေးဥပဒေကိုပြင်တယ်၊အသင်းအဖွဲ့ ဥပဒေကိုပြင်တယ်၊ငွေကြေး၊အသင်းအဖွဲ့၊ရာဇဝတ်၊နိုင်ငံရေး တွေနဲ့နွယ်တွေ ဥပဒေတွေစုံ လို့ပါ ပဲ။

တချို့ဥပဒေတွေဟာ အသဲကြားက မဲတပြားကို မြစ်ဖျားခံလာတဲ့ လွှတ်တော်တွေခေတ်တုန်းကတော့ ငြင်းကြ ခုန် ကြ၊ပွဲဖြစ်ခဲ့ရတဲ့ ဥပဒေတွေပေါ့။ဥပဒေတခုထွက်လာဖို့အရေး လွှတ်တော်ခန်းမထဲမှာ၊ကော်မတီတွေမှာသာမက လွှတ်တော်ပြင်ပမှာလည်း ငြင်းခုန်ဆွေးနွေးမှုအဆင့်ဆင့်ကို ကျော်ဖြတ်ခဲ့ကြရတာပေါ့။

အခုကတော့ သတင်းစာမှာထည့်၊ဥပဒေပြင်လိုက်တယ်ဟေ့ဆိုတာနဲ့တင် စစ်အုပ်စု နှုတ်ဖျားက “ဥပဒေနဲ့အညီ” ဆို တဲ့စကားတွင်တွင်ကြားရတဲ့ခေတ်ပေါ့။အစကတည်းက လုပ်ချင်တာလုပ်ပြီး “ဥပဒေနဲ့အညီ”လို့ ပြောနိုင်ဖို့ ပြင် တယ်၊ပြဌာန်းတယ်ဟေ့လို့ ကြေညာနေတာမဟုတ်လား။

တကယ်တော့လည်း အဲ့လိုမဟုတ်လို့ ဥပဒေနဲ့မညီပါဘူးဆိုလည်း ဘယ်သူကမှ ဘာမှပြောခွင့်ရတဲ့ ခေတ်မှ မ ဟုတ်ဘဲ။နိုင်ငံတကာနဲ့စကားပြောတဲ့အခါ ဥပဒေနဲ့အညီ လုပ်တယ်လို့ ပြောနိုင်အောင်သာ ဒါတွေ လုပ်ပြနေ ရတာ..။ဒီလို ထုတ်ပြန်ပေးနေရတာတောင် အလုပ်ရှုပ်လှချည်ရဲ့လို့ စစ်အုပ်စုက ညည်းချင် ညည်းနေဦးမှာ..။