NUG နဲ့ မကွေးတိုင်းအခြေစိုက် PRA(မကွေး) တပ်ဖွဲ့တို့ စစ်ရေး၊အုပ်ချုပ်ရေး ပူးပေါင်းဖို့သဘောတူ

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မကွေးတိုင်းအတွင်း အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန် တိုက်ခိုက် နေ တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA(မကွေး)တို့ စစ်ရေး၊အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်နဲ့ PRA(မကွေး)တာဝန်ရှိသူတွေဟာ အောက်တိုဘာ (၃၀)ရက်က တွေ့ ဆုံ ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုယူနိုင်ခဲ့တာဖြစ်တယ်လို့ NUG က ဒီကနေ့ထုတ်ပြန်သလို PRA မကွေး ဘက် ကလည်းအဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး DNA ကို အတည်ပြုပါတယ်။

“ဒီလို ပူးပေါင်းမှုကနေ အပြန်အလှန် ကူညီမှု၊မျှဝေမှု၊ စစ်ရေးဆိုင် ရာ ပူးပေါင်းဖော်ဆောင်မှုတွေလည်း ဖြစ်လာ မှာပါ၊ကျွန်တော်တို့မျှော်မှန်းထားတဲ မင်း ဘူးခရိုင်လွတ်မြောက်ရေး၊ ဧရာဝတီမြစ်အနောက်ခြမ်းဒေသ လွတ် မြောက်ရေးဆိုတဲ့ ကိစ္စတွေမှာ ပိုပြီးခရီးတွင်နိုင် မယ်လို့ ယူဆပါတယ်”လို့ PRA(မကွေး)တပ်ဖွဲ့ နိုင်ငံရေးမှူး နောင် သူရိန် ကပြောပါတယ်။

PRA(မကွေး)တပ်ဖွဲ့အနေနဲ့ အရင်က ဒေသတွင်းမဟာမိတ်တွေနဲ့ ပူးပေါင်းတာတွေရှိခဲ့သလို လက်ရှိမှာတော့ NUG နဲ့ တရားဝင်ပူးပေါင်းလိုက်တဲ့ သဘောဖြစ်ပြီး တော်လှန်ရေး အရွေ့ပိုမိုမြန်ဆန်လာဖို့ ရည်ရွယ် တယ်လို့သူ ကပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ PRA(မကွေး)တပ်ဖွဲ့ဟာ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ စစ် ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကိုလိုက်နာပြီး အမိန့်ပေးကွပ်ကွဲမှုကွင်းဆက်မှာပါဝင်ဖို့၊ ပြည်သူ့ကာ ကွယ် ရေး တပ်မ တော်နဲ့ စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီ ဖို့ နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်နဲ့​တွေ့ဆုံ​ဆွေး​နွေးရာမှာ နယ်​မြေစိုးမိုးနိုင်တဲ့ဒေသတွေ တည်ဆောက်ပြီးတဲ့အခါ ဒေသအတွင်း ပကဖ၊ ပအ‌ဖတွေနဲ့ ပူပေါင်းချိတ်ဆက်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေမှာ အတူတူ ဆောင်ရွက်ဖို့ ‌သဘောတူညီချက်တွေရရှိခဲ့သလို PRA Magway ရဲ့ ရပ်တည်ချက်ကြေညာစာ တမ်းပေါ် အခြေခံပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ PRA (မကွေး)တပ်ဖွဲ့ နိုင်ငံရေးမှူး နောင်သူရိန်က ဆိုပါတယ်။

“ကျွန်တော်တို့နဲ့ ရပ်တည်ချက်၊မူဝါဒတွေတူညီတဲ့ တော်လှန်ရေးအင်အားစုတိုင်းနဲ့ လက်တွဲဆောင်ရွက်သွား မှာပါ၊ တော်လှန်‌​ရေးအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်မှုတွေဟာ ဒီတော်လှန်ရေးရဲ့အရွေ့ကို ပိုပြီး မြန် ဆန်စေလိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်”လို့ သူက​ပြောပါတယ်။

လူထု​တော်လှန်​ရေးမဟာမိတ်အင်အားစု(PRA-Magway)ဟာ မ​ကွေးတိုင်းအတွင်းက မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ ​​စေတုတ္တရာ၊ ငဖဲ၊ ​အောင်လံ၊ သရက်၊ မင်းလှ အစရှိတဲ့ ဧရာဝတီမြစ်အ​နောက်ဖက်ခြမ်း ဒေသတွေ မှာစစ် ကောင်စီကိုတော်လှန်တိုက်ခိုက်နေပြီး ဒေသတွင်းမှာ ​အား​ကောင်း တဲ့တော်လှန်​ရေး အဖွဲ့ အစည်းတစ်ခု အ ဖြစ် လူသိများပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဟာ ပြီးခဲ့ရက်ပိုင်းအတွင်းကလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီနိုင်ခဲ့ပါတယ်။