ကလေးမြို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီစစ်သား သုံးယောက်သေ

ကလေးမြို့တောင်ဘက် နည်းပညာ တက္ကသိုလ် အနီးမှာ PDF Kalay မိုင်းအဖွဲ့က အောက်တိုဘာလ (၃၁) ရက်နေ့မနက်ဆယ်နာရီဝန်းကျင်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

” ရဲဘော်တွေက မိုင်းကိုလမ်းဘေးမှာ ချပြီးစောင့် ကြည့်နေတာပေါ့၊ အဲ့မိုင်းကိုလာအကိုင်မှာ ဖောက်ခွဲ ပစ်တာဆိုတော့ ကိုင်တဲ့သူကအပို င်းပိုင်းပြတ် ထွက်သွားတယ်။ နောက်ကတစ်ယောက်ကခါးပြတ်တယ်၊ နောက်ဆုံးကတစ်ယောက်လည်း မိုင်းစမှန်ပြီးသေတယ်” လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မိုင်းကွဲအပြီးမှာ စစ်ကောင်စီတပ်က ကလေးနည်းပညာတက္ကသိုလ်ဂိတ်ရှေ့ ဖြတ်သန်းသွားလာခွင့်မပြုပဲ ပိတ်ထားခဲ့တယ်လို့ဆိုပါတယ်။
ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပိုခေတ်မီလာပြီး ပေါက်ကွဲအားပြင်းထန်တဲ့မိုင်းတွေ ထုတ် လုပ်အသုံးပြုနေတယ်လို့ဆိုပါတယ်။Kalay PDF တပ်ဖွဲ့ဝင်တွေဟာ ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့အမည်နဲ့ Yatu Project ဆိုပြီး မိုင်းတွေထုတ် လုပ်နေတာဖြစ်ပါတယ်။

” ဒီမိုင်းတွေက အစပြုဖန်တီးခဲ့တဲ့ ရဲဘော်ရတုကို ဂုဏ်ပြုပြီး သူ့နာမည်ပေးထားတာပါ၊သူအစပြုဖန်တီးခဲ့တာပေါ့။ ပြီးခဲ့တဲ့လေးလလောက်က သူကျဆုံးခဲ့တယ်၊စစ်ကောင်စီက သူ့ကိုသတ်ပြီး မျက်နှာကိုမီးရှို့ထားခဲ့တာပါ” လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Kaly PDF ဟာ ခုရက်ပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးအောက်တိုဘာ (၃၀) ရက်က ကလေးမြို့အနောက်ပိုင်း ကြို့သုံးပင်ရပ် ကွက်မှာ စစ်ကောင်စီယဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ (၃၁) ရက်နေ့လယ်ပိုင်းမှာလည်း ကလေးမြို့မြောက်ဘက် အထွက်မှာ စစ်ကောင်စီကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။