လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ နည်းဗျူဟာ အပြောင်းအလဲတွေလုပ်ဖို့လိုတယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီးဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် နည်းလမ်းအသစ်တွေရှာဖွေဖို့လိုသလို နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ နဲ့ အသင့်အနေအထားပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
NUG ရေဒီယို အစီအစဉ်က ထုတ်လွှင့်တဲ့ PDF ရဲဘော်များသို့ အစီအစဉ်ကတဆင့် ဒီကနေ့ အောက်တိုဘာ (၂၇)ရက်က မိန့်ခွန်းပြောရာမှာ ဝန်ကြီးဦးရည်မွန်က အဲ့ဒီလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အဖျက်စွမ်းအားကြီးတာမှန်ပေမယ့် စစ်ရေးအဆုံးအြဖတ်ပေးနိုင်တဲ့ ယန္တ ရားမဟုတ်ဘူးလို့ နားလည်ထားပြီး ဉာဏ်ရှိရင်ရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် နည်း လမ်းတွေရှာဖွေနိုင်လိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
“လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်၊ ဒီလက် နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်”လို့ သူကပြောပါတယ်။
NUG အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ နေရာတချို့မှာ ပိုင်ဆိုင်တပ်ဆင်ထားနိုင်ပြီလို့ NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေက အခုလဆန်းပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းထုတ်ပြောခဲ့ ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက အခုလအတွင်းမှာ လေကြောင်းက စီးနင်းမှု၊ပစ်ခတ်တိုက်ခိုက်မှုနဲ့ တပ်အင်အားချ တာတွေကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာလို့ NUG ရဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကိစ္စကို မေး ခွန်းထုတ် ဝေဖန်မှုတွေလည်းရှိနေတာပါ။
NUG ကလေကြောင်းရန်ကာကွယ်ဖို့လက်နက်တချို့ပိုင်ဆိုင်ထားပြီလို့ ထုတ်ပြောအပြီး ၂၄နာရီမပြည့်မီမှာပဲ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ PDF သင်တန်းကျောင်းတခုကို လေကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် အခုလအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကချင်ပြည်နယ်၊ဖားကန့်မြို့ အနန့်ပါဒေသမှာ KIO နှစ်ပတ်လည် အကြိုဖျော်ဖြေပွဲလုပ်နေချိန်မှာ လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်လို့ လူဦးရေ တရာဝန်းကျင် ထိခိုက်ဒဏ်ရာရပြီး ရှစ်ဆယ်ထက်မနည်းသေဆုံးခဲ့ရသေးတယ်။
အနန့်ပါ ဗုံးကျဲတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ကျကျ ကျူးလွန်တာဖြစ်ပြီး ဒီလုပ်ရပ်အတွက် စစ်ခေါင်း ဆောင်တွေနဲ့ ကိုယ်တိုင်ဗုံးကျဲခဲ့တဲ့သူတွေ တာဝန်ခံရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
စစ်အုပ်စုဟာ မြေပြင်မှာတော်လှန်ရေးအင်အားကို မယှဉ်နိုင်တော့ဘဲ အရေးနိမ့်လာတာနဲ့အမျှ လေကြောင်းကို ပိုအားပြုလာတာတွေ့ရပြီး လာမယ့်ကာလတွေမှာလည်း အရပ်ဘက်၊စစ်ဘက်မရွေး လေကြောင်း အကြမ်း ဖက် မှုကို ပိုပြီး ကျူးလွန်လာဖွယ်ရှိလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးသတိကို အမြင့်ဆုံးတပ်လှန့် ထားဖို့လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။