အာဏာသိမ်းကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ နှစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ပြော

စစ်အာဏာသိမ်းကာလအတွင်း အကြမ်းဖက် စစ်အုပ်စုရဲ့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ် သား ပြည်သူ နှစ်ရာကျော် သေဆုံးခဲ့တဲ့အပြင် နေအိမ်နဲ့ ဘာသာရေး အဆောက်အ အုံအများအပြား ထိခိုက်ပျက်စီး ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ အောက် တိုဘာ (၂၄)ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါး ပြု လုပ်ခဲ့တာဖြစ် တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်မှာ KIO အထိမ်းအမှတ်နေ့ ဖျော်ဖြေပွဲလုပ်နေချိန်မှာ မနေ့က လေ ကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တာဟာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်ပြီး ကျူးလွန်တာဖြစ် တယ်လို့လည်း NUG က ဝေဖန်ထားပါတယ်။
ဂျနီဗာ သဘောတူစာချုပ် ပြဌာန်းချက်မှာ စစ်ရေး၊စစ်ရာ ကိစ္စတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင် ပတ် သက်နေခြင်း မဟုတ်ရင် အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုက အကာအကွယ် ရရှိစေရမယ်လို့ ပါဝင်တာကြောင့် စစ် ကောင် စီရဲ့ အခုလို လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက် နေ ကြောင်း ထင်ရှားတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေအတွင်း ကျဆုံးခဲ့ရ သူ တွေအတွက် ဝမ်းနည်းရကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ပြည်သူတဦးချင်းအတွက် တရားမျှတမှု ပြန်ရအောင် ပြည်တွင်း၊နိုင်ငံတကာ ဥပ ဒေတွေအရ အစွမ်းကုန်း ကြိုးပမ်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း လေကြောာင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တခုမှာတော့ စစ်ကောင်စီ မြို့ပေါင်း (၄၄)မြို့ကို လေကြောင်းက တိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉နယ်မြေ ဖားကန့်မြို့နယ် အနန့်ပါ ဒေသမှာ မနေ့က ည ပိုင်းမှာဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း လူဦးရေ (၆၀)ဝန်းကျင်လောက် သေဆုံးခဲ့တယ်လို့ ဒေသ တွင်းသတင်းတွေကဆိုပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတာကြောင့် သေဆုံးသူဦးရေ အခုထက် ပိုမိုများပြား လာနိုင်ပြီး တစ်ရာဝန်းကျင်အထိ ရှိလာနိုင်တယ်လို့လည်း သတင်းတချို့မှာ ဖော်ပြနေပါတယ်။
စစ်ကောင်စီက အဲ့ဒီဖျော်ဖြေပွဲနေရာကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေကို ဆေး ကုသခွင့်မ ရအောင် ပိတ်ဆို့တာတွေလည်း ရှိနေတယ်လို့ BBC သတင်းတရပ်က ဖော်ပြပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရမှုဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် လူထိခိုက် သေဆုံးမှု အများဆုံး ဖြစ်ရပ်တခု ဖြစ်လာဖို့ အလားအလာရှိနေပါတယ်။
ဖားကန့်ဗုံးကျဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး NUG ကအခုလို ထုတ်ပြန်လာပေမယ့် လက်တလော စစ် ကောင်စီက လေကြောင်းကတိုက်ခိုက်မှု တိုးမြှင့်လာတာနဲ့ပတ်သက်လို့ NUG အပေါ်မှာလည်း ဝေဖန်မှု တချို့ ရှိနေတာပါ။
NUG အနေနဲ့ လေကြောင်းရန်ကာကွယ်ရေး စီမံချက် ရန်ပုံငွေကို စတင်အသုံးပြုနေပြီလို့ ပြီးခဲ့တဲ့ ဩဂုတ်လဆန်း ကထုတ်ဖော်ပြောဆိုခဲ့သလိုအခုလပထမပတ်အတွင်း ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်း လင်းပွဲတခုမှာလည်းလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ နေရာတချို့မှာ တပ်ဆင်ထားပြီလို့ ပြောဆိုခဲ့ပါတယ်။
DNA သတင်းဌာနရဲ့ အချက်အလက်စုဆောင်းမှုတွေအရ NUG ကအဲ့ဒီလို ထုတ်ပြောအပြီး အခုလအ တွင်းမှာ ဖား ကန့်ဖြစ်စဉ်အပါအဝင် စစ် ကောင်စီက နိုင်ငံအနှံ့ ဒေသ (၁၂)ခုမှာ လေကြောင်းတိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့ ကြောင်း အတည်ပြုထားနိုင်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာ ဝက်လက်နယ်က NUG လက်အောက်ခံ PDF သင်တန်းကျောင်းတခုကို လေကြောင်းက စီးနင်းတိုက်ခိုက်ခဲ့တာ၊ကော့ကရိတ်တိုက်ပွဲအတွင်း တိုက်ခိုက်တာနဲ့ ဖားကန့်ပစ်ခတ်မှု တွေလည်း ပါဝင်ပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင် ပြည် နယ်တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ သေ ဆုံးထိခိုက်တာ တွေရှိ သလို၊အရပ်သားတွေလည်း ထိခိုက်သေဆုံးခဲ့ကြရပါတယ်။
လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ဒေသတချို့မှာ တပ်ဆင်ထားတယ်လို့ NUG ကဆိုပေ မယ့် အဲ့ဒီလိုပြောပြီးနောက် လက်ရှိအချိန်အထိ စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိထိရောက်ရောက် တုံ့ပြန်ပစ်ခတ်နိုင်တာမျိုး မရှိသေးပါဘူး။
(စာသင်နေတဲ့ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းရွာလေကြောင်းပစ်ခတ်ခံရမှု)