ပုသိမ်ထောင်ထဲက နိုင်ငံရေး အကျဥ်းသားတွေ ဆန္ဒပြနေ

ဧရာဝတီတိုင်း ပုသိမ်ထောင်ထဲက နိုင်ငံရေး အကျဥ်း သားတွေဟာ ဒီကနေ့ အောက်တိုဘာ (၂၂) ရက်နေ့လယ် ၁၂ နာရီ ခွဲဝန်းကျင် ကစပြီးထောင်ထဲမှာ ဆန္ဒပြ​နေကြ တယ်လို့သိရပါတယ်။

“သူတို့တွေ မိန်းဂျေး(ပင်မထောင်)ဘက် မှာ သွေးသစ္စာ သီချင်း ကို အော်ဆိုပြီး ဆန္ဒပြနေကြတာအိပ် ဆောင် တွေထဲပြန်မဝင်ကြဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

ထောင်တွင်း ဖိနှိပ် အ နိုင်ကျင့် ရိုက်နှက်တာတွေ၊ အကျဥ်းသား အခွင့်အရေး ဆုံးရှုံးနေတာတွေနဲ့ ပတ်သက် ပြီး ကန့်ကွက် တောင်းဆို ဆန္ဒပြနေတာလို့ အကျဥ်းဦးစီး ဌာနနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

ထောင်တွင်းကနိုင်ငံရေး အကျဥ်းသား (၃၀၀) ​လောက် မိန်းဂျေး မှာ စုရုံး ရောက်ရှိနေပြီး ဆန္ဒပြနေတာကြောင့် ထိန်းသိမ်းဖို့ အကျဥ်းဦးစီးဌာန ကအကြောင်းကြားလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့တွေလည်း ရောက်နေတယ်လို့ သိရ ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းအကျဥ်း ထောင် တွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေကို ဦးတည်ဖိနှိပ် တာ၊အကျဥ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေဆိုး ဆိုးရွားရွားချိုးဖောက်ခံရတာတွေကြောင့် အကျဥ်း ထောင်အများအပြားမှာ ထောင်တွင်းဆန္ဒပြ ပွဲတွေဖြစ် လေ့ရှိပါတယ်။

အဲ့ဒီလို ထောင်တွင်းဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထောင်အာဏာပိုင်တွေက ပိုမိုပြင်းထန်တဲ့ အရေးယူဖိနှိပ်မှုတွေလုပ်လေ့ရှိပါတယ်။