စစ်ရေးတင်းမာမှုရှိနေတဲ့ ဂန့်ဂေါကန်ရွာရဲစခန်းက ရဲတပ်သားတစ်ဦး CDM ဝင်လာ

ယောကာကွယ်ရေးတပ် YDF ဒုစစ်ဦးစီးချုပ်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ ဒေသတွင်း ကာကွယ်ရေး တပ် တွေနဲ့ စစ်ရေးတင်းမာနေတဲ့ ဂန့်ဂေါကန်ရွာရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့အတူ CDM ဝင်ခဲ့ တယ်လို့ ဒေ သခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ပြီးခဲ့တဲ့သုံးလေးရက်လောက်ကလုပ်သွားတာဗျ၊ တိုးတိုးတိတ်တိတ်လုပ်ရတဲ့ကိစ္စဖြစ်တဲ့အတွက် ခုမှထုတ်ပြန် တာဖြစ်ပါလိမ့်မယ်” လို့ ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက DNA ကိုပြောပါတယ်။
အဲ့ဒီရဲတပ်သားဟာ G3 ရိုင်ဖယ်သေနတ်တစ်လက်၊ ကျည် ၈၉ တောင့်၊ကျည်အိမ်နှစ်ခုတို့နဲ့အတူCDM ဝင်လာ တာ ဖြစ်ပြီး ဒီကနေ့အောက်တိုဘာ (၂၀) ရက်မှာ ငွေသားသိန်းငါးဆယ်တိတိအခမ်းအနားနဲ့ ဂုဏ်ပြုပေးအပ်ခဲ့ တယ်လို့ ဂန့်ဂေါခရိုင်အမှတ်( ၁) တပ်ရင်းကထုတ်ပြန်ထားပါတယ်။
“ ခုကိစ္စကတော့တရွာလုံးမသိလိုက်ကြဘူး၊ သူတို့အချင်းချင်း တွေ တော့သိကြမှာပ၊CDM ဝင်တယ်ဆိုတော့ ဝမ်း သာရတယ်” လို့ ကန်ရွာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ကန်ရွာရဲစခန်းကရဲတွေဟာ ဒေသတွင်းမှာ အင်အားကောင်းတဲ့ ယောကာကွယ်ရေးတပ် (YDF)ဒုစစ်ဦးစီးချုပ်နဲ့ အခုလအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး (YDF)ဘက်က ဒုစစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်အပြီးမှာ ကန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဂန့်ဂေါမြို့က စစ်ကောင်စီစစ်ကြောင်း ကန်ရွာရဲစခန်းကိုလာရောက်ချိန်မှာလည်း တိုက်ပွဲ တွေဖြစ်ခဲ့ပါတယ်။
အဲ့ဒီလို စစ်ရေးတင်းမာမှုတွေရှိနေချိန်မှာ ကန်ရွာရဲစခန်းက ရဲတပ်သားက လက်နက်ခဲယမ်းတချို့နဲ့အတူ CDM ဝင်ခဲ့တာဖြစ်ပါတယ်။CDM ဝင်လာတဲ့ ရဲတပ်သားနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာ ဂန့်ဂေါခရိုင်အမှတ်(၁) တပ်ရင်းကို ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ကန်ရွာရဲစခန်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မှာ ကန်ရွာကနေ ဂန့်ဂေါဘက်ကို ပြန်လည် ထွက်ခွာသွားပြီး ဒဏ်ရာရထားတဲ့သူတွေကို ထမ်းစင်ငါးခုနဲ့သယ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကန်ရွာမှာရှိနေစဥ်အတွင်း စျေးဆိုင်အသေးလေးတွေပါမကျန် မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်း တွေယူဆောင်သွားတယ်လို့ ရွာခံတွေဆီကသိရပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ရွာထဲက လုယက်ယူဆောင်ထားတဲ့ပစ္စည်းတွေနဲ့ ကန်ရွာထဲက ဘုန်းကြီးကျောင်း နှစ်ကျောင်းကို သွားရောက်လှူဒါန်းတာတွေလုပ်ခဲ့ပါသေးတယ်။