ကရင်ပြည်နယ်မှာ စစ်ဗျူဟာ ၃၃ က ဗျူဟာမှူး စနိုက်ပါထိပြီး သေ


ကရင်ပြည်နယ် ၊ KNU ထိန်းချုပ်နယ်မြေ ၊ တပ်မဟာ(၆) ဧရိယာအတွင်း တောင်နီနဲ့ ဆုံဆည်းမြိုင်အကြား လေးဝေါဒေသမှာ ရှိတဲ့ (၃၃) စစ်ဗျူဟာက ဗျူဟာမှူးတယောက်ကို ဒီနေ့မနက် (၈)နာရီခွဲမှာ တော်လှန်ရေး အင်အားစုတွေဘက်က စနိုက်ပါနဲ့ ပစ်ခဲ့တဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က DNA ကိုပြောပါတယ်။

ဗျူဟာမှူး ကျဆုံးအပြီးမှာ တောင်ငူလေတပ်က တိုက်လေယဉ်တွေ ကရင်ပြည်နယ်ဘက်ကို ထွက်ခွာလာပြီဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့လည်း သိရပါတယ်။

အသေးစိပ် သတင်းအချက်အလက်ကို တပ်မဟာ(၆) ဧရိယာမှာ ဦးဆောင်တိုက်ပွဲဆင်နွှဲနေတဲ့ ကော်ဘရာ စစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးသလို DNA အနေနဲ့ ဆက်သွယ် အတည်ပြုချက် ယူဖို့ကြိုးစားစဲ ဖြစ်ပါတယ်။