တမူးက ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦး ဓါးခုတ်ခံရ

တမူးမြို့၊ စန္ဒကူးရပ်ကွက်မှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ အောင်ထွန်းဝင်းဟာ အောက်တိုဘာ (၁၃) ရက် မနက်ပိုင်းက တမူးမြို့မစျေးထဲမှာ လမ်းလျောက်နေချိန် ဓားခုတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ခုတ်သွားတာဘယ်သူမှန်းမသိရဘူးလို့ပြောတယ်၊ဒဏ်ရာရတဲ့သူ့ကိုတော့ အနားကလူတွေကပဲ ဆေးရုံတွဲပို့လိုက် ကြတယ်လို့ပြောတယ်ဗျ” လို့မြို့ခံတစ်ဦးကပြောပါတယ်။
ဘယ်အဖွဲ့ကလုပ်တယ်၊ ဘယ်သူလုပ်တယ်ဆိုတော့ အတိအကျ မသိရသလို ဓားနဲ့ခုတ်သွားတဲ့သူ ကိုဖမ်းဆီးရမိ တာမရှိဘူးလို့ဆိုပါတယ်။ဓားနဲ့ခုတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ သေဆုံးခြင်းရှိမရှိ DNA အနေနဲ့ အတည် မပြုနိုင်သေးပါဘူး။
ဓားထုတ်ခံရပြီး ဒဏ်ရာရသွားတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူကို တမူးမြို့ ဂရေ့စ်ဆေးရုံကနေ ကလေးမြို့ဆေး ရုံကို ပို့လိုက်ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က တပ်ခွဲမှူး ကိုခန့်လင်းရဲ့ ဖေ့စ်ဘွတ်အကောင့် မှာ တော့ ပျူစောထီးခေါင်းဆောင် အောင်ဝင်းထွန်းကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) ရဲ့ ဒလန် ရှင်း လင်းရေးအဖွဲ့က သုတ်သင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
အဲ့ဒီတပ်ရင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။