ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊၉မိုင်၊တော်ဝင်လမ်းကဆက်သွယ်ရေးတပ်ရဲ့အိမ်ထောင်သည်လိုင်းခန်းကို WOHအဖွဲ့က ဒီကနေ့အောက်တိုဘာ (၁၂)ရက် ည ရှစ်နာရီကျော်ဝန်းကျင်က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရတယ်လို့သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပျက်စီး ထိခိုက် မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ War of Hunter Revolution Forceက ထုတ်ပြန်ထားပြီး အဖွဲ့သားတွေကတော့ ထိခိုက်မှုမရှိဘဲ ဘေးကင်း လုံခြုံစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုဖောက်ခွဲခဲ့မှုအခြေအနေနဲ့ပတ်သက်ပြီး DNA အနေနဲ့War Of Hunter Revolution Forceအဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရရှိ သေးပါဘူး။
အလားတူ လှိုင်မြို့နယ် ၊ဘုရင့်နောင်လမ်းနဲ့ အုတ် ကျင်းဘူတာရုံလမ်းထောင့်က စစ်ကြောရေးတပ် အိမ်ထောင်သည် လိုင်းခန်းအနီးကို ဒီကနေ့ည ၈နာရီကျော်ခန့်က HUMAN RIGHTS DEFENDERS (HRD)အဖွဲ့ကအဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” ပထမတော့ သေနတ်သံတွေဆက်တို က်ကြား လိုက်ရတယ်၊နောက်တော့ အဲ့ဒီစစ်ကြော ရေးတပ် ထဲက ဗျောက်အိုးဖောက်တာလို့ တချို့လူတွေက ပြောကြတာပဲ၊နောက်မှ ဗုံးပေါက်တာလို့ သိရတာ၊ထိခိုက်မှုရှိလား၊မရှိလားတော့ မသိဘူး”လို့ အုတ်ကျင်းဘူတာရုံလမ်းအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
HUMAN RIGHTS DEFENDERS (HRD)အဖွဲ့ကတော့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေ ၆ နာရီအချိန်ကလည်း တောင်ဥက္ကလာပမြိုနယ်၊ (၈) ရပ်ကွက်၊ ရတနာ လမ်းမှာရှိတဲ့ Star World KTV ဆိုင်အနီးက ထရန်စဖော်မာပေါ်မှာ ဗုံးနှစ်လုံးတွေ့လို့ စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။