တီးတိန်မြို့မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိပြီး ကလေးလေးယောက် မိခင်သေဆုံး

Photo – CJ

စစ်ကောင်စီကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်လို့အောက်တိုဘာလ (၁၁) ရက်နေ့ညပိုင်းမှာ တီးတိန်မြို့နဲ့ လိုင်လိုးရွာကြားက နေအိမ်တစ်အိမ်ကို လက် နက် ကြီးထိမှန်ပြီး ကလေးလေး ယောက်မိခင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တီးတိန်မြို့၊မြို့မရပ်ကွက်က လ.ဝ.က ရုံးနဲ့ သမဝါ ယမရုံးကို အောက်တိုဘာ (၁၁)ရက်ညပိုင်းမှာ အမည်မသိလက်နက်ကိုင်တစ်စုက မီးရှို့လို့ မီး လောင်ကျွမ်းနေစဥ်မှာ စစ်ကောင်စီတပ်က လက် နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ထိမှန်သေဆုံးခဲ့ တာ​ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ခေါင်းကိုကျည်စထိသွားတာ၊အလကား သက်သက် သေရတာ၊ဘာတာဝန်ယူမူမှရှိမှာမဟုတ်ဘူး၊ကလေးလေးယောက်ကျန်ခဲ့တယ်၊ နှစ်ယောက်က အတော် ငယ်သေးတယ်၊မနက်ဖြန်ညနေ နှစ်နာရီမှာအသုဘ သင်္ဂြိုလ်မယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

တီးတိန်မြို့ လ.ဝ.ကရုံးနဲ့ သမဝါယမရုံးကို ဘယ်အ ဖွဲ့ကမီးရှို့တယ်ဆိုတာမသိရသေးပါဘူး။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF Zoland ကတော့ သူတို့လုပ်ဆောင်တာမဟုတ်ကြောင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း တီးတိန်မြို့က စသုံးလုံးရုံးကို အမည်မသိလက်နက် ကိုင်အဖွဲ့က မီးရှို့ခဲ့ပါသေးတယ်။