ဘားအံ-မော်လမြိုင်လမ်းပေါ် ဖြတ်သွားတဲ့ စစ်ယာဉ်တန်းက ပစ်ခတ်လို့ ကလေး လေးဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံး

Photo – CJ

ကရင်ပြည်နယ် ဘားအံ-မော်လမြိုင် လမ်းပေါ်ဖြတ်သန်းလာတဲ့ စစ်ယာဉ်တန်းက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ရမ်းသမ်း ပစ်ခတ်သွားတာကြောင့်အနီးဝန်းကျင် ကျေးရွာတချို့က ကလေးငယ် လေးဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။

ဘားအံ-မော်လမြိုင်လမ်းမပေါ် ဖြတ်သန်းလာတဲ့ စစ်ယာဉ်တန်းဟာ ဒီကနေ့ အောက်တိုဘာ (၁၂)ရက် မနက်ပိုင်း က ကော့ပရံကျေးရွာနားအရောက်မှာ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တာဖြစ်ပြီး လမ်းမကြီးဘေးနေအိမ်တွေထဲက ကလေးလေးဦးနဲ့ လယ်ကွင်းထဲအလုပ်လုပ်နေတဲ့ အသက် (၇၀) အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။

“လယ်ကွင်းမှာ အလုပ်လုပ်နေတဲ့အချိန် ထိသွားတာ၊ အဖွားက တင်ပါးရယ်၊ လက်မောင်းရယ်၊ ဗိုက်ရယ် ထိသွား တာ၊ ဗိုက်ကတော့ပေါက်သွားတယ်၊(ဒေသခံတွေက)ဘားအံဆေးရုံကို ခေါ်သွားတယ်၊ အခုတော့ဆုံးသွားပြီ၊ သူ့ မှာက အောက် ပိုင်း သေနေတဲ့ သမီးတစ်‌ယောက်ရှိတယ်၊ သူ့သမီးကို သူပဲကြည့်နေရတာ” လို့ ကော့ ပရံရွာ မှာနေထိုင်တဲ့ ဒေသခံ တစ် ဦးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ ဇာသပြင်ဘက်ကလာတာဖြစ်ပြီး ကော့ပရံကျေးရွာနားမှာရှိတဲ့ ကော့မူးပရာတံ တား နားကနေ လမ်းတစ်လျှောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အချက်ရှစ်ဆယ်လောက် ရမ်းသမ်း ပစ်ခတ်ခဲ့ တာကြောင့် ကော့ကျိုက်ရွာက ကလေးတဦး၊ကော့စိုင်ရွာက ကလေးနှစ် ဦးနဲ့ ကျွဲခြံကုန်းက ကလေးတဦး သေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

“လမ်းတစ်လျှောက်ပစ်တော့ လမ်းဘေးမှာက အိမ်တွေရှိတော့ အဲ့ဒီက ကလေးတွေကိုထိပြီးပွဲချင်းပြီးသေတာ၊ ရွာ က မူလတန်းကျောင်းလည်း ထိတယ်” လို့ ကော့ပရံရွာ ဒေသခံက ပြောပါတယ်။ သေဆုံးသွား တဲ့ကလေး ငယ်တွေရဲ့ အသက်အရွယ်တွေကို အတိအကျ မသိရသေးပေမယ့် ဆယ်နှစ်ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ ကနဦးသိရပါတယ်။

အဲ့ဒီနေရာမှာ စစ်တပ်က ပစ်ခတ်နေတဲ့အချိန် ရိုက်ကူးထားတဲ့ ရိုက်သံမှတ်တမ်းတခုကိုလည်း DNA ကရရှိထား ပြီး ရုပ်သံထဲမှာ စစ်ယာဉ်တန်းကို မမြင်ရပေမယ့် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ် ခတ် နေသံတွေကိုကြားရပါတယ်။

စစ်တပ်က အဲ့ဒီလို အဆက်မပြတ်ပစ်ခတ်သွားပေမယ့် အဲ့ဒီဒေသဝန်းကျင်မှာာ ဒီကနေ့ တိုက်ပွဲဖြစ်တာ၊ စစ်ယာဉ် တန်းကို တိုက်ခိုက်တာတွေမရှိဘူးလို့ ဒေသခံတွေကအခိုင်အမာ ပြောပါတယ်။

ကော့မူးရာတံတားနားက စစ်ကားတွေဖြတ်သွားတဲ့အချိန်မှာ ငှက်ပစ်တဲ့ သေနတ်နဲ့ စပစ်လို့ ပြန်ပစ်ရတာဖြစ် တယ်လို့ စစ်တပ်က ကော့ပရံရွာလူကြီးဦးအောင်ခင်ကို နေအိမ်မှာလာရောက်တွေ့ဆုံပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကော့မူးရာတံတားနားကစပစ်တာ သူတို့ကို ငှက်ပစ်တဲ့ သေနတ်နဲ့ အရင်ပစ်လို့ သူတို့က ပြန်ပစ်တာတဲ့၊ ဘာမှ မဟုတ်ဘူး၊ ဘာမှလည်းမရှိဘူး၊ သူတို့ကသောင်းကျန်းပြီးတော့ လာပစ်ချတာ” လို့ ကော့ပရံရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ယာဉ်တန်းတွေဟာ အရင်ကလည်း အခုလို ရွာအနီးကနေ ဖြတ်သွားတာတွေရှိပေမဲ့ အခုလိုပစ်ခတ်တာ က တော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား သေဆုံးထိခိုက် ဒဏ်ရာရခဲ့ကြပေမယ့် စစ်ယာဉ်တန်းမှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကယာဉ်တန်းရပ်တန့်ပြီး ကြည့် ရှုတာ ဆေးကုသပေးတာတွေမရှိခဲ့ဘဲ ဘားအံမြိုဘက် ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံးတဲ့အပြင် ကော့ပရံရွာက ဒေသခံပြည်သူအများအပြား ဒဏ်ရာရရှိခဲ့ပြီး လမ်းဘေး ကမုန့်ဆိုင်ကို ကျည်ထိမှန်ခဲ့လို့ မုန့်ဆိုင်မှာ မုန့်ဝယ်နေတဲ့ ကလေးတစ်ဦးရဲ့ မျက်နှာမှာလည်း ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သေးတယ်လို့ သိရပါတယ်။