တီးတိန်မြို့မှာ အိမ်ဖောက်ထွင်းမှုတွေများလာ

ချင်းပြည်နယ် တီးတိန်မြို့မှာ ခုလပိုင်းအတွင်း နေအိမ်ဖောက်ထွင်းခိုးယူမှုတွေများလာတယ်လို့ မြို့ခံတွေ ဆီ ကသိရပါတယ်။
 
ခရစ္စယာန်ဘာသာဝင်တွေ မိသားစုလိုက်ဘုရားကျောင်းသွားကြတဲ့ တနင်္ဂနွေနေ့တွေကို ပစ် မှတ်ထားပြီး အိမ်ဖောက်ထွင်းမှုတွေ များနေတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“မနေ့ကလည်း လေးလွန်းရပ်ကွက်ဘက်မှာ အိမ်တလုံးဖောက်သွားတယ်၊ကျန်တာတွေဘာမယူဘဲ ပိုက်ဆံပဲ ယူ သွားတာ” လို့ ဒေသခံတဦးကပြောပါတယ်။
 
ချင်းပြည်နယ်ဟာ ခိုးယူလုယက်မှု အင်မတန်နည်းပါးတဲ့ဒေသဖြစ်ပြီး ကိုဗစ်ကာလမှာ အိမ်ဖောက်ထွင်းမှုတ ချို့ သာဖြစ်ခဲ့ကာ အခုလပိုင်းအတွင်းမှာတော့ဖောက်ထွင်းခိုးယူမှုတွေ ခပ်စိတ်စိတ်ဖြစ်လာနေတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။
 
” ဆေးသမားတွေပဲနေမှာ၊ ဒီလထဲမှာကို ကျွန်တော်သိတာကိုး လေးငါးခုလောက်ရှိတယ်” လို့မြို့ခံတဦးက ပြော ပါတယ်။
 
တလအတွင်း မြို့ထဲကနေအိမ်ခြောက်လုံးလောက်ဖောက်ထွင်းခံရတာဟာ တခြားဒေသ တွေအ တွက်မထူးဆန်း ပေမယ့် ခိုးယူမူဖြစ်စဥ်ရှားပါးတဲ့ ချင်းပြည်နယ်မှာတော့ များပြားတဲ့ပမာဏဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အခုလိုဖောက်ထွင်းခိုးယူမူတွေဖြစ်ပွားလာတာဟာ လူတွေစားဝတ်နေရေးခက်ခဲတာ၊ တရားဥပဒေစိုးမိုးမူ မရှိတော့ တာတွေကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။