မြဝတီမြို့ အမှတ်(၁)တံတားအနီးမှာ ဗုံးပေါက်ကွဲပြီး အမျိုးသားတဦးသေဆုံး

မြဝတီမြို့ အမှတ်(၁) တံတားနားမှာ ဒီကနေ့အောက်တိုဘာ (၁၁)ရက် ည၇နာရီကျော်လောက်က ဗုံးပေါက်ကွဲ မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြဝတီမှာနေထိုင်တဲ့ဒေသခံတစ်ဦးကDNA ကိုပြောပါတယ်။
” အသံက တော်တော်ကျယ်တယ်၊ ဘုရင့်နောင်စျေးကနေတောင်ကြားရတယ်၊ဗျောက်အိုးဖောက်သံထင်နေတာ၊ အလုပ်သမားတစ်ဦးပွဲချင်းပြီးသေတယ်ကြားတယ်၊ မိုင်းစစင်တဲ့လူတွေရှိတယ်၊”လို့ မြဝတီဒေသခံတစ်ဦးက ပြော ပါတယ်။
မြဝတီမြို့က ဂျပန်ကြီးစတိုးဆိုင်ရှေ့ကို ဆိုင်ကယ်နဲ့လာပြီး ဗုံးပစ်ခဲ့တာလို့သိရပါတယ်။ဂျပန်ကြီး စတိုးဆိုင်ရှေ့မှာ အရင်ကလည်းဗုံးပေါက်ကွဲဖူးတာကြောင့် ဆိုင်ရှေ့မှာ အရှိန်လျှော့ကုန်းလုပ်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခုတကြိမ်ဗုံးပေါက်မှုအပြီးမှာ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင် ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ဆိုပါ တယ်။