မြဝတီမြို့ပေါ်မှာ ရေကြီးရေလျှံနေ

Photo- Pa Lawe
ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီကနေ့ မေလ ၂၁ ရက် နေ့လည် ၃ နာရီက မိုးရွာပြီး အာရှလမ်းမကြီးပေါ်မှာ ရေကြီးရေလျှံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မေလ ၂၁ ရက်၊ မနက်အစောပိုင်း တိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အ‌ရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။