တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ပလက်ဝမှာ စစ်ဘေးရှောင် ရှစ်သောင်း ကျော်ရှိလာ

Photo – Social Media (အိန္ဒိယနယ်စပ်သို့ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာသားများ ထွက်ပြေးနေကြစဉ်)

ရခိုင်နဲ့ပလက်ဝဒေသတွေမှာ ရခိုင့်တပ်တော် AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ရှစ်သောင်းနှစ်ထောင်ကျော်အထိ ရှိနေတယ်လို့ ရခိုင့်တပ်တော် AA က အခုလဆန်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ မွေးကင်းစကနေ အသက် (၁၂)နှစ်ဝန်းကျင် ကလေးငယ် တစ်သောင်းသုံး ထောင် ကျော် ပါဝင်နေတဲ့အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ မကြာခဏ တိုက်ပွဲဖြစ်ပွားရာ မြောက်ဦးမြို့နယ်မှာ စစ်ဘေးရှောင် နှစ်သောင်းခွဲကျော်ရှိနေပြီး ဒါဟာ ရခိုင်နဲ့ပလက်ဝဒေသအတွင်း လက်ရှိစစ်ဘေးရှောင်ဦးရေ အများဆုံး ပမာဏ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းလက်ရှိမှာ စစ်ဘေးရှောင်စခန်း (၁၅၀)အထိရှိပြီးလက်လှမ်းမမှီနိုင် တဲ့နေရာတွေက စစ်ဘေး ရှောင်စခန်းနဲ့ ဒုက္ခသည်တွေရှိနေသေးတယ်လို့လည်း AA က ဆိုပါတယ်။

ရခိုင်နဲ့ ပလက်ဝဒေသတွေမှာ ၂၀၁၉၊ ၂၀၂၀ခုနှစ်တွေကတည်းက စစ်ဘေးရှောင်တွေရှိနေခဲ့တာဖြစ်ပြီး လက်ရှိ တ ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတဲ့ နှစ်လတာအတွင်း စစ်ရှောင် ခြောက်ထောင်ကျော် ထပ်တိုးလာတယ်လို့AA ကထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ထပ်တိုးလာနေတာရှိပေမယ့် စစ်ကောင်စီကတော့ ရခိုင်စစ်ရှောင် တွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေတာပါ။ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေသူတွေကို အခုလ ကုန်နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးတိုက်တွန်းနေတယ်လို့ VOA သတင်းတရပ်က အခု ရက်ပိုင်းအတွင်း ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေအနေနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် စစ်ကောင်စီကလမ်းတွေပိတ်ဆို့ထား တာလို့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေတယ်လို့ AA က ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထုတ်ပြန်ထားပါတယ်။

UNHCR ကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပဋိပက္ခတွေထပ်မံဖြစ်ပွားနေတာ ကြောင့်အရေးပေါ် အခြေ အနေအတွက် ထောက်ပံ့ပစ္စည်းတွေ၊အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့တွေနဲ့ကြိုတင်နေရာချ ထားရေး အစီအ စဉ်တွေလုပ် ဆောင်နေတယ်လို့ဆိုထားပါတယ်။

ရခိုင်ဒေသစစ်ရှောင်တွေအတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အမိုးအကာကူညီရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးနေပြီး ပြန်လည်တည် ဆောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ UNHCR ကဆိုပါတယ်။

Photo – အိန္ဒိယနယ်စပ်သို့ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာသားများ ထွက်ပြေးနေကြစဉ်။