ပုသိမ်မြို့ မိုင်တဲဆက်သွယ်ရေး ရုံးရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းရှိ အဆင့်မြင့် ကုန်စည်ဒိုင် အဆောက်အအုံက Mytel မိုင်တဲဆက်သွယ်ရေးရုံးရှေ့ မှာ ဒီ​နေ့အောက်တိုဘာ ၂ ရက်နေ့ ည၈ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။
“ဝုန်း ဆိုတဲ့ အသံက အိမ်တောင်တုန်သွားတယ် ခဏကြာတော့ စစ်တပ်နဲ့ရဲတွေရောက်
ပြီး ကမ်းနား လမ်းမကြီးကို ပိတ်ပြီးစစ်ဆေးတာတွေ လုပ်ကြတယ်” လို့ မိုင်တဲရုံးရှေ့ သမတ ရပ်ကွက်​နေသူ တစ်ဦးက DNA ကို ​ပြောပါတယ်။
ဗုံးပေါက်ကွဲသံကို ပုသိမ်မြို့ တဖက်ကမ်း အမှတ် ရပ်ကွက် ၉ ရပ်ကွက် အထိ ကြားရတယ်လို့ ဆိုပါတယ်။
ရုံးရှေ့ ပလက်ဖောင်းပေါ် မှာ ပေါက်ကွဲတာဖြစ်ပြီး ပရုံးရှေ့ပိုင်း မျက်နှာစာ အနည်းငယ် ထိခိုက်ပျက်စီး သွားပေမယ့် လူ ထိခိုက်တာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီး စပ်သူအချို့ဆီက သိရပါတယ်။
စစ်တပ်နဲ့ ရဲက အဲဒီရုံးနားမှာရှိတဲ့ KBZ ဘဏ်၊ KBZ PAY CENTER ၊ နဲ့ AYA ဘဏ် က CCTV မှတ် တမ်းတွေကိုလိုက်လံသိမ်းသွားပါတယ်လို့လည်း မြို့ခံ​တွေက ဆိုကြပါတယ်။
ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရဲဝန်ထမ်း အိမ်ယာရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါ​သေးတယ်။