PDF တွေ ရေလမ်းက ဝင်လာမယ်ဆိုတဲ့သတင်းကြောင့် မအူပင် တိုးမြစ်အတွင်း ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ တိုးမြစ်အတွင်းနဲ့ မြစ်လက်တက် ချောင်းလက်တက်တွေအတွင်း ရေချိုငါးဖမ်း လုပ်ငန်းလုပ်ကိုင် နေတာကို အောက်တိုဘာလ(၁)ရက်ကစပြီး စစ်ကောင်စီက ပိတ်ပင်တား မြစ်လိုက်ပါတယ်။
ဒီလိုပိတ်ပင်လိုက်တာဟာ PDF တွေ ရေကြောင်းလမ်း ကနေ ဒေသ အတွင်း ဝင်ရောက်လာမယ် ဆိုတဲ့ သတင်း ကြောင့် ဖြစ်တယ်လို့ ဒေသခံ အုပ် ချုပ်ရေး အဖွဲ့ နဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။
“မနေ့( အောက်တိုဘာ ၁ရက်နေ့) က မြစ် ကြောင်း တစ်လျှောက် အသံချဲ့စက်နဲ့ လိုက်အော်နေတာ၊ ငါးဖမ်းတာ တွေ့ရင် ဒေသလုံ ခြုံရေး အတွက် ထိထိရောက်ရောက် အရေး ယူမယ် ဆိုတာလည်းပါတယ်” လို့ ဆိုပါတယ်။
လက်ရှိသတ်မှတ်ချက်အရ ငါးဖမ်းခွင့်ကိုအခုလဆန်းကနေ နိုဝင်ဘာလကုန်အထိ နှစ်လကြာ ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
ပုံမှန်အားဖြင့် မေလဆန်းကနေ ဂျူလိုင်လအထိ ငါးရစ်ငါးသန်တွေ ပေါက်ဖွားကြတဲ့ သုံးတာကာလဟာ ငါးမ ဖမ်းရ သတ်မှ တ်ထားတဲ့ကာလဖြစ်ပါတယ်။ငါးဖမ်းရာသီဖြစ်တဲ့ အခုလို ကာလမှာ ငါးဖမ်း ခွင့် ပိတ် ပင်လိုက်တာဖြစ်တဲ့အတွက် ရေလုပ်ငန်း လုပ် ကိုင်သူတွေ အခက်အခဲဖြစ်ရကြောင်း ဒေသခံတွေက ပြောပါ တယ်။
ဒေသခံ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ ငါးဖမ်းလှေ ငါးဖမ်းပိုက်အမျိုးမျိုး နဲ့လုပ် ငန်းသုံး ပစ္စည်းတွေ ကြို တင်ဝယ်ယူ ရင်းနှိးမြုပ်ထားရတာတွေ၊ ရေလုပ်သား ငှါးရမ်းခကြိုတင် ထုတ်ပေးထားငွေ တွေရှိနေတာ ကြောင့် အ ခက်အခဲဖြစ်တာ လို့ဆိုပါတယ်။
“ငါးဖမ်းတာ ရာသီချိန်နဲ့ ဖမ်းရတာ သူအချိန်နဲ့သူမှ ငါးကမိတာ၊ ရာသီချိန် မဟုတ် ရေလှည့် မသင့်ရင် ငါးမရဘူး ငါးဖမ်းပြီး အသက် မွေးရတာလေ၊ ငါးဖမ်းခွင့်ကို နှစ်လတောင် ပိတ်တယ် ဆိုတော့ ခက်ကုန်ပြီပေါ့” လို့ဒေသခံ ရေလုပ်သား တစ်ဦးပြောပါတယ်။
ငါးဖမ်း ခွင့်ပိတ်လိုက်တဲ့ အတွက် စစ်ကောင် စီရဲ့ လုံခြုံရေး အဖွဲ့တွေ နဲ့သက်ဆိုင်ရာဌာန တွေဟာ ဒေသခံ ရေ လုပ်သား တွေနဲ့ ရေ လမ်းခရီး သွားလာလုပ်ကိုင် နေသူတွေထံ က ငွေညှစ်တောင်းယူဖို့ လုပ်စားကွက် တိုးသွား တယ်လို့ ဒေသခံ အချို့ က မှတ်ချက်ပြုပြော ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေး အစိုးရ NUG ကဧရာဝတီတိုင်း စစ်ဒေသ ကွပ်ကဲရေး အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ဧရာဝတီ တိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီ က သူ့ရဲ့ စစ်တပ်ကင်းစခန်းတွေ ရဲစခန်း တွေ၊စစ်ဆေးရေးဂိတ်တွေနဲ့ ဒေ သ တွင်းလုံခြုံရေး အစီ အမံတွေကို တိုးမြင့်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံသိရပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီ ဟာ ဧရာဝတီတိုင်း နဲ့ နယ်မြေ ထိစပ်နေတဲ့ ရခိုင် ပြည်နယ်မှာ ရခိုင်တပ်တော် AA နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး အထိနာနေတာပါ။ဒါ့အပြင်ဒေသတွင်း PDF တွေက ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး အစီအမံနဲ့ အရှိန်အဟုန်မြှင့် တိုက်ခိုက်တာကိုရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။