ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ဦးဝန်းကျင် သေဆုံးနိုင်

Photo -Pinlebu PDF

စစ်ကိုင်းတိုင်းဒေသကြီး၊ပင်လည်ဘူးမြို့နယ်၊ပင်ကြိုင်းကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာ (၁) ရက်မ နက် ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကခြောက်ဦးလောက် သေပြီး PDFဘက်က နှစ်​ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ Pinlebu Revolution – PR Team တာဝန်ရှိသူတစ်ဦးက DNAကိုပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာထိတွေ့မှုဖြစ်ပြီး အခုလည်း ‌ေ-ွး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ပင်လောင်ရွာနဲ့ ပဒဲကော ရွာ ဘက်ကို ရောက်နေကြတယ်”လို့ Pinlebu Revolution – PR Team တာဝန်ရှိသူက ပြောပါတယ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ရရှိခဲ့တဲ့ဒဏ်ရာကတော့ အသေးစားဒဏ်ရာသာ ဖြစ်ပြီးအသက်အ န္တရာယ် စိုးရိမ်စရာ မရှိ​ဘူးလို့လည်း ဆိုပါတယ်။

ပင်လည်ဘူး၊ ဝန်းသိုနဲ့ကောလင်းမြို့နယ်ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားနေတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပင်လည်ဘူး၊ပင်ကြိုင်းကျေးရွာအနီးမှာတော့ စက်တင်ဘာ (၃၀)ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့  Pinlebu Revolution – PR Team ကသတိပေးထား ပါတယ်။