မုံရွာစီးပွားရေးဘဏ်က စစ်တပ် ပစ်ခတ်တိုက်ခံရပြီး ခြင်းခတ်နေတဲ့တပ်ဖွဲ့တွေအပါအဝင် ခြောက်ဦးသေ

မုံရွာစီးပွားရေးဘဏ်က လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာမှာ ခြင်းခတ်နေတဲ့ စစ်သားလေးဦးအပါအဝင်ခြောက်ဦးသေဆုံးခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။
စစ်ကောင်စီစစ်သားတွေ သတိပေါ့လျော့ဆုံးအချိန်ကို အမြဲစောင့်ကြည့်စေပြီး အကြောင်းကြားလာတာနဲ့ သွား ရောက်ပစ်ခတ်တာဖြစ်တယ်လို့ သူကဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခြင်းခတ်နေတဲ့ စစ်သားလေးဦး၊ ကင်းစောင့်နေတဲ့ စစ်သားနှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးတယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကို မုံရွာပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ (၃)၊ (၄) တို့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မုံရွာစီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်း တော်လှန်ရေးတပ် ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကို မကြာခဏခံရလေ့ရှိပြီး အခုနှစ်ဇူလိုင်လအတွင်းကလည်း အဲ့ဒီနေရာမှာ ဗုံးပစ် တိုက် ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
မုံရွာစီးပွားရေးဘဏ်မှာ လုံခြုံရေးတာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးဟာလည်း ပြီးခဲ့နှစ်အတွင်းက သေနတ်နှစ် လက်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေထံခိုလှုံပြီး CDM ပြုလုပ်ခဲ့ပါတယ်။