
စစ်တပ်ရဲ့ လက်ယက်ကုန်းလူသတ်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှုအမြန်ဆုံးရဖို့ လိုလားပြီး နိုင်ငံတ ကာအနေနဲ့ မြန်မာပြည်သူကို မေ့မထားဖို့ တောင်းဆိုတယ်လို့ လက်ယက်ကုန်းလူသတ်ပွဲ မျက်မြင် သက်သေတဦးဖြစ်တဲ့ ဆရာမ ဒေါ်အေးမာဆွေကပြောပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက လေကြောင်းတိုက်ခိုက်မှုနဲ့ပက်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရက ဦးဆောင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာမ ဒေါ်အေးမာဆွေက အဲ့ဒီလို ပြောတာပါ။
“ဒီစစ်ခေါင်းဆောင်တွေကို မြန်မြန်ဖမ်းပြီးတော့ သူတို့ကို တရားဥပဒေရှေ့မှောက်ကို မြန်မြန်ပို့ပေးကြပါ၊ ဒီရာဇ ဝတ်ဘေးပြေးမလွတ်ဘူးဆိုတဲ့စကားဟာ ဒီမင်းအောင်လှိုင်တို့အတွက်မဟုတ်ဘူး လားလို့ ကျွန်မ နိုင်ငံတကာ ကိုမေးချင်တယ်”လို့သူကပြောပါတယ်။
ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ စစ်တပ်က စာသင်ကျောင်းကို MI 35 ရဟတ်ယာဉ်နဲ့ တစ်နာရီကြာ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ကလေး ၇ ဦး၊ လူကြီး ၆ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ကာ အပစ်မဲ့ပြည်သူ ၂၁ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင် တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေကပြောပါတယ်။
တိုက်ခိုက်မှုတွေအပြီးမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ ကျောင်းသူ၊ကျောင်းသား ကလေး(၁၂)ဦးအပါအဝင် ဒေသခံ (၂၀)ကျော်ကို စစ်တပ်က လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ ပညာ ရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာမဒေါ်အေးမာက သူ့အနေနဲ့တော့ စစ်တပ်ကကျုးလွန်ခဲ့တဲ့ အကြမ်း ဖက်မှုအတွက် တရားမျှတမှုကို အမြန်ဆုံးလိုချင်ပြီး စစ်အာဏာရှင်တွေကျဆုံးမှသာ တရားမျှတမှုလည်း ရနိုင်လိမ့်မယ်လို့ပြောပါတယ်။
“ဒီစစ်အာဏာရှင်ကြီး မြန်မြန်ချူပ်ငြိမ်းသွားမှာသာ ကျွန်မတို့ မြန်မာနိုင်ငံကြီး အေးချမ်းမှာ၊ဒီစစ် အာဏာရှင် မချုပ် ငြိမ်းသေးသရွေ့ ဘာရုပ်ဝတ္ထုတွေနဲ့ ပံ့ပိုးပံ့ပိုး ဒီရုပ်ဝတ္ထုတွေပြစ်ပြီး ပြေးနေကြရအုံးမှာပဲ၊အဲ့ဒါကြောင့် စစ်အာဏာရှင်မြန်မြန်ချုပ်ငြိမ်းအောင်လုပ်ပေးကြပါလို့” သူကပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ လက်ယက်ကုန်းကျေးရွာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ဖြစ်စဉ်တစ်ခုစီတိုင်းရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းကာ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းတွေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
စစ်တပ်ဟာ လက်ယက်ကုန်း ကျေးရွာအတွင်းနေအိမ်တွေ၊ ပစ္စည်းတွေ၊ တိရစ္ဆာန်တွေကို မီးရှို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ဘေးအနီးဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်ခဲ့လို့ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီး ကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူ(၁၈) ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြား အရေးပေါ် အခြေအနေကို ရောက်ရှိနေပြီး သောင်းချီ တဲ့ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လက်ယက်ကုန်းရွာပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုအတွင်း ကလေးငယ်တွေနဲ့ အ ရပ်သားတွေထိခိုက်သေဆုံးရတာဟာ PDF တပ်ဖွဲ့တွေက လူသားဒိုင်းအဖြစ် အသုံးပြုတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားတာပါ။
ဒါ့အပြင် စစ်တပ်က ဖမ်းဆီးသွားတယ်ဆိုတဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေဟာလည်း ဆေးကုသပေးဖို့ ခေါ် လာတာဖြစ်တယ်လို့ ဆိုပါတယ်။ဒေသခံ မျက်မြင်တွေကတော့ ပစ်ခတ်မှုဖြစ်ချိန်မှာ တိုက်ပွဲဖြစ်နေတာမရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေမကြောင်းလည်း အခိုင်အမာ ပြောဆိုထားပါတယ်။