ဘိုကလေးမြို့နယ်မှာ စားသောက်ဆိုင်ပိုင်ရှင်တဦး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မြင်းကကုန်း ကျေးရွာနေ ရွှေဒေါ်လာ စားသောက်ဆိုင်ပိုင်ရှင် ကိုဝင်းဌေးကို စက်တင်ဘာလ ၃ ရက်နေ့မှာ ဖျာပုံစစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ အကြမ်းဖက် ဥပဒေ ၅၂ (ည)နဲ့ ဖျာပုံတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

“ဝင်လာပြီးဆိုင်ရှေ့မှာတင် ဝင်းဌေးကို လက်ထိပ်ခတ်လိုက်တယ် ဆိုင်ထဲကနေ အပေါ်ကို ခေါ်သွားပြီးအဓိကတောင်းတာ ဖုန်းပေးဖို့ပါ ဝင်းဌေးကသူကိုင်တဲ့ဖုန်းပေးလိုက်တော့ ထပ်မေးနေတာကို မကြားရလို့ မသိပါဘူး တအိမ်လုံးကိုလဲ မွေနှောက်ပြီးရှာကြပါတယ် ဘာမှ မတွေ့ရပါဘူး” လို့ မြင်းကကုန်း ဒေသခံအုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင်းကကုန်းကျေးရွာမှာ အကြမ်းဖက်ဥပဒေနဲ့ ပထမဆုံးတရားစွဲခံရတဲ့ ဖြစ်စဉ်ပါ။

ကိုဝင်းဌေးကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ အကြမ်းဖက် ဥပဒေနဲ့ တရားစွဲတယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနေစဲ ဖြစ်ပါတယ်။

ဘိုကလေးမြို့ပေါ်ရှိစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေက ဖုန်းတွေကို စစ်ဆေးနေပြီး ဖုန်းထဲမှာ မသင်္ကာဖွယ်ရာတွေ့ရှိရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံရသူတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။