မင်္ဂလာဒုံစစ်အင်ဂျင်နီယာတပ် အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရ

Photo – Google Map

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ် ခရေပင်လမ်းခွဲ မင်္ဂလာဒုံဈေးအနီးက စစ်အင်ဂျင်နီယာတပ်ကို Blood Debt For 21 (BD – 21) အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဖြ၀်တဲ့ Yangon Special Guerrilla Force ( YSGF ) အဖွဲ့တို့က အဝေးထိန်းမိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၂ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က အဝေးထိန်းမိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အဆီးရှိတယ်လို့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့Blood Debt For 21 (BD – 21) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက်ပေါက်ကွဲသံဟာ မြောက်ဥက္ကလာပမြို့နယ် ၊အင်းစိန်မြို့ နယ်နဲ့ မရမ်းကုန်းမြို့နယ်နေရာအ များအပြားကပါကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပေါက်တာတော်တော်လေးပြင်းတယ်၊မြေကြီးတွေပါတုန်တယ်၊စဖြစ်ဖြစ်ခြင်းဘယ်နေရာမှာပေါက်တာည်းနားစွင့်သေးတယ်၊ကျွန်တော်တို့မြောက်ဥက္ကလာထဲလားပေါ့။နောက်တော့မှ မင်္ဂလာဒုံစျေးနားက စစ်တပ်နားမှာပေါက်တာလို့သိရတယ်ရ”လို့ မြောက်ဥက္ကလာပမြို့နယ်၊ကန်သာယာပန်ခြံအနီးရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။

အခုလိုဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရရှိမှုအခြေအနေကို မင်္ဂလာဒုံမြို့နယ် ဒေသခံတွေကိုဆက်သွယ်မေးမြန်းပေမယ့် တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။