ညောင်တုန်းမြို့မှာ လုပ်ခဲ့တဲ့ ပိုစတာကမ်းပိန်း

Photo-CJ
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို UN က ဆက်လက် လက်ခံ ထားရှိဖို့ ပိုစတာ လှုပ်ရှားမှုကို ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့ခံတွေက စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ကပြုလုပ်ခဲ့ကြတယ်လို့ ညောင်တုန်းမြို့ခံတဦးက DNA ကိုပြောပါတယ်။
“စာရွက်တွေမှာ စစ်အာဏာရှင်ကို ငြင်းဆန်ဖို့၊ ပြည်သူ့အစိုးရနဲ့ ပြည်သူ့ သံအမတ်ကို လက်ခံဖို့ ပြီးတော့ ပြည်သူတွေကလည်း ဒီ ကမ့်ပိန်း (လှုပ်ရှားမှု)မှာ ကြိုးစားပါဝင်ကြဖို့ ရေးထားတယ်”လို့ ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဓာတ်ပုံ နဲ့ သူ့ကို ထောက်ခံတဲ့ စာသားတွေပါ၀င်တဲ့ ပိုစတာ စာရွက်စာတန်းတွေကို ညောင်တုန်း မြို့တွင်း၊ ဆားမလောက်၊ တာကွေ့ ၊ ကဇန်းလမ်းဆုံ လမ်းမ တစ်လျှောက် မှာ ဖြန့်ကြဲတာ လမ်းဘေးမီးတိုင် သစ်ပင်တွေ နဲ့ နံရံတွေမှာ ကပ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေ သခံတွေက ပြောပါတယ် ။
“Accept NUG & Our Ambassador, Reject Dictator” လို့ ရေးထားတဲ့ စာတန်းတွေကို လမ်းမပေါ်မှာ ဆေးနီတွေနဲ့ ရေးသားပြီး တောင်းဆို ဆန္ဒပြုထားတွေလည်း ပါဝင်တယ်”လို့ မြို့ခံတစ်ဦး ကဆိုပါတယ်။
စာရွက်တွေ ဖြန့်ကြဲခဲ့တဲ့ အချိန်ဟာ ညောင်တုန်းမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းကို တိုင်းစစ်ကောင်စီ နဲ့ အဖွဲ့ ဝင်တွေ လာရောက်မယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အဲ့ဒီအ​ခြေအနေကြောင့် နယ်မြေခံ ရဲတွေကို စစ်ကောင်စီရဲ့ စရဖ တပ်ဖွဲ့နဲ့ ရဲအထူးသတင်းတပ်ဖွဲ့ (SP)က လူအများရှေ့မှာ ဆူပူကြိမ်းမောင်းပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ကို ခေါ်ယူပြီး ပိုစတာနဲ့ စာရွက်တွေကို အလျင်အမြန် ဖယ်ရှားခိုင်းခဲ့ပါတယ်။
” နက်ပြာရောင် ဝတ်ထားတဲ့ ကောင်တွေရော အရပ်ဝတ်နဲ့က စရဖတွေ ထင်ပါတယ် နယ်မြေစခန်းမှူးကို မိုးမွန်အောင် ဆဲဆိုသွားတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ​ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာဆက်ပြီးလက်ခံ ထားရှိဖို့ ဆန္ဒပြု တောင်းဆိုတဲ့ (Campaign) ကို ဧရာဝတီတိုင်း ထဲမှာ ညောင်တုန်းမြို့ က ပထမဆုံး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။