အိန္ဒိယမှာ တလအတွင်း မြန်မာနိုင်ငံသား ကိုးဦးနဲ့အတူ ကျပ်သိန်းသုံးသောင်းတန်ဖိုးရှိ မူးယစ်ဆေး တွေဖမ်းမိ

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဩဂုတ်လအတွင်း မြန်မာနိုင်ငံသား ရှစ်ဦးကို ကျပ်သိန်းသုံးသောင်းတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ ဒေသခံမီဒီယာတွေနဲ့ ပြည် နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။
မြန်မာနိုင်ငံ ရိဒ်ခေါ်ဒါရ် ရွာမှာနေထိုင်တဲ့ အမျိုးသမီး( ၁)ဦး၊ ကလေးမြို့မှာနေထိုင်သူ( ၂)ဦး၊ တီးတိန်မြို့မှာ နေထို င်သူ (၄)ဦးနဲ့အခြားမြန်မာနိုင်ငံသား(၂) ဦးတို့ကို စိတ်ကြွဆေးပြားတွေ၊ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့ တာဖြစ်တယ် လို့ဆိုပါတယ်။
သြဂုတ်လအတွင်း မြန်မာနိုင်ငံသားတွေဆီကနေ စိတ်ကြွမူးယစ်ဆေးပြား( ၂၅၀၀၀)၊ဘိန်းဖြူ (၁၂၀၀) ဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုး ရူပီး ၁၁၉၇ သိန်း (မြန်မာငွေ သိန်းပေါင်း ၃၇၅၉၀ ကျော်) ရှိတယ်လို့ ဒေသခံမီဒီယာ တွေနဲ့မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိမှုဟာ မီဇိုရမ်ပြည်နယ်ထဲက အိုက်ဇောမြို့နဲ့ ကျန်ဖ ခရိုင်တွေမှာာ အများဆုံးဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းချိန်ကတည်းကစပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံ သားတွေ မူးယစ်ဆေးဝါးရောင်းဝယ်မူ ပိုမိုမြင့်တက်လာတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အချက် အလက်တွေက ဆိုပါ တယ်။
တဖက်မှာလည်း ချင်းပြည်နယ်အခြေစိုက်အဖွဲ့အစည်းတွေက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုမူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချတာမလုပ်ဖို့ သတိပေးထုတ်ပြန်တာတွေရှိနေပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချတာမျိုးမလုပ်ကြဖို့ ချင်းလူမူရေး အ သင်း ချုပ်က ဇူလိူင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ PDF Zoland ကလည်း မြန်မာပြည်ကနေ အိန္ဒိယပြည်နယ် မီဇိုရမ်ပြည်နယ်ကို မူးယစ် ဆေးဝါး ရောင်း ဝယ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ သြဂုတ်( ၂၆) ရက်နေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။