ကော့ကရိတ်မှာ စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းတခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 (𝐒𝐃𝐃𝐅)ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မ (၁၁) လက် အောက်ခံတပ်စခန်းကို စက်တင်ဘာ တရက်က ဒရုန်းနဲ့ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ် မှတ်အနီးတဝိုက်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် စုံစမ်းနေဆဲဖြစ်တယ်လို့ (SDDF) အဖွဲ့က ဆိုပါတယ်။မျက်မြင်အခြေအနေအရတော့ အကြမ်းဖက်စစ်တပ်က အရာရှိတွေနေထိုင်တယ်လို့ ယူဆရတဲ့ တဲတစ်လုံးထိ မှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုပြီးပြီးချင်း စစ်ကောင်စီတပ်ရင်းတစ်ခုလုံး တပ်စွဲထားတဲ့နေရာကို စွန့်ခွာသွားတယ်လို့ (SDDF) အဖွဲ့ကဆိုပါတယ်။
𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 – 𝐒𝐃𝐃𝐅 ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရှင်းလင်းရေးကို ဦးတည်ဖွဲ့စည်း ထား တာဖြစ်ပြီး ရှိသမျှအင်အားနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အစွမ်းကုန်တိုက်ခိုက်သွ ားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီအဖွဲ့ကို အခုနှစ်မတ်လအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အတွင်းမှာ စစ်ကော င်စီတပ် တွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။