ဆောမြို့မှာ ဂစ်တာအိတ်ကို လက်နက်ထင်ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်

Photo – Google
ဆောမြို့မှာ ဂစ်တာအိတ်လွယ်လာသူကို မောင်းပြန်လွယ်လာတယ်ထင်ပြီး ရဲစခန်းထဲက စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လို့ လျှပ်စစ်မီးကြိုးတွေထိခိုက်ပြီး တရက်ကြာ မီးပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေ က DNA ကို ပြောပါတယ်။
“အဲ့ဒီညက မိတ်ဆွေအိမ်မှာ ညဘက်ဝတ်ပြုကြဖို့ ပြောထားလို့ ဂစ်တာအိတ်လွယ်ပြီး ဆိုင်ကယ်နဲ့ သွား တာ၊အဲ့ဒါမောင်းပြန်လွယ်လာတယ်လို့ထင်တာဖြစ်မယ်၊ရဲစခန်းထဲက ရမ်းပစ်လို့ ဆိုင်ကယ်မောင်း ပြေးခဲ့ရ တယ်လို့”ဖြစ်စဉ်ကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ဆောမြို့ဒေသခံအမျိုးသား ကပြောပါတယ်။
အဲ့ဒီလို ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် မြို့တွင်း ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီး ကြိုးတွေကိုထိခိုက်မိပြီး ဆောမြို့မှာ သြဂုတ် (၂၀)ရက်ညပိုင်းကနေ( ၂၁) ရက် ညနေပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်သွားတဲ့အတွက် ​မြို့နေပြည်သူတွေ အခက်တွေ့ခဲ့ကြရပြီး လျှပ်စစ်ဌာနက ထိခိုက်သွားတဲ့ မီးကြိုးတွေကိုပြန်ပြင်ပေးလို့ သြဂုတ် (၂၁) ရက် ညနေပိုင်းမှာတော့ လျှပ်စစ်မီး ပြန်အသုံးပြုခွင့်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။