အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ရောက်ပြီ

Photo- Reuters
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပယ်လိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ညမှာပဲ ထိုင်ဝမ်ကို ရောက်ရှိလာခဲ့ပါတယ်။
ထိုင်ဝမ်ကိုသွားရင် စစ်ရေးအရ လက်တုန့်ပြန်သွားမယ်လို့ တရုတ်က အကြိမ်ကြိမ် သတိပေး တားမြစ်နေတဲ့ကြားက နန်စီပယ်လိုစီ ထိုင်ဝမ်ကို ရောက်ရှိလာတာပါ။
ဒီခရီးစဉ်ကို တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။
တရုတ်ဟာက ထိုင်ဝမ်ကို သူ့ရဲ့သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ပြီး တခြားနိုင်ငံတွေနဲ့ တရားဝင် သံတမန်ဆက်ဆံရေးမလုပ်ဖို့ တားမြစ်ထားတာကြောင့် အမေရိကန်အကြီးတန်းအရာရှိတဦးဖြစ်တဲ့ နန်စီ ပယ်လိုစီဟာရဲ့ ထိုင်ဝမ်ခရီးစဉ်ကိုလည်း အဓိကရန်စမှုအဖြစ် ရှုမြင်ကြောင်း ထပ်ခါတလဲလဲ သတိပေးနေခဲ့တာပါ။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ရောက်ရှိလာတာနဲ့ ပတ်သတ်လို့ တရုတ်အစိုးရအနေနဲ့ ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။