စမ်းချောင်းဂွစျေးအနီး ဗုံးတွေ့အပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်

Photo- CJ
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊မကြီးကြီးလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတယ်လို့ဆိုပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်တာ၊စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးဟာ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ ဒီကနေ့ဇူလိုင် ၃၀ ရက်၊မွန်းလွဲ ၁နာရီဝန်းကျင်က တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး လမ်းသွားလမ်းလာအချို့ကို စစ်ဆေးတာ၊ ဗဟိုလမ်း၊ မကြီးကြီးလမ်း စတဲ့လမ်းတွေကို ပိတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ယာဥ်ကြောကြပ်တည်းမှုတွေဖြစ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီနောက်မှာတော့ အကြမ်းဖက်စစ်တပ်တွေဟာ အဲ့ဒီနေရာကနေ ပြန်လည်ထွက်ခွာသွားပြီလို့ သူက ဆက်ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့ ၊ မြို့တော်ခန်းမအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
(ပုံအဟောင်းကို အသုံးပြုထားပါသည်။)