ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ တံတားစစ်ဆေးရေးဂိတ်မှာဒီည ၈နာရီခွဲဝန်းကျင်မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“နှစ်လုံးပေါက်တာ ၊ တလုံးကို ဆယ်စက္ကန့်လောက်ခြားတယ် ၊ ပေါက်ပြီး ခနနေတော့ သေနတ်တွေနဲ့ ရန်းသမ်းပစ်သံတွေကြားရတယ်”လို့ ဆိုပါတယ်။
ဒေးဒရဲမြို့မှာ မြို့ဝင်ဂိတ် ၂ခု ရှိပြီး ၊ အခု ဗုံးပေါက်တာဟာ မြို့ထဲအဝင်ဂိတ်မှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
“အဲဒီဂိတ်မှာ မှတ်ပုံတင်စစ်တယ် ၊ လမ်းဆင်းလျှောက်ရတယ် ။ မှတ်ပုံတင်မပါရင် သူတို့ရစ်ချင်သလို ရစ်ပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်လေ့ရှိတယ်လို့”မြို့ခံတဦးက ပြောပါတယ်။
လက်တလောအချိန်အထိ ထိုက်ခိုက်ဒဏ်ရာ ရတာကို DNA အတည်ပြုဖို့ ကြိုးစားစဲ ဖြစ်ပြီး ၊ ဆေးရုံနဲ့ နီးစပ်သူတွေကတော့ ည၁၀ နာရီ ခွဲဝန်းကျင်အထိ ဆေးရုံကို အရေးပေါ်လူနာရောက်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မြို့ထဲမှာ ဆိုင်ကယ်တွေနဲ့ ပတ်ပြီး ကင်းလှည့်နေကြသလို ရန်ကုန်ဘက်က အကြမ်းဖက်စစ်အုပ်စုဝင်တွေ ထပ်ရောက်လာပြီး တံတားကို နှစ်ဖက်ပိတ် စစ်ဆေးနေတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းအနေနဲ့ ဒီညမှာ ဒေးဒရဲအပြင် ၊ ဟင်္သာတမြို့မှာလည်း ဗုံး ၄ လုံးပေါက်ကွဲခဲ့ပြီး ကနဦး သတင်းတွေအရ ရဲ ၁ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။