KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်းအတွင်း မြဝတီ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဒေသအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု နဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNLA နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဖက်က ကရင်နယ်ခြားစောင့်တပ် BGF တွေပူးပေါင်းတိုက်ခိုက်ပေးနေသလို KNLA ဖက်မှာလည်း PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေပူးပေါင်း တိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ်။
“တနေ့က ညနေ ၄ နာရီကျော်ကတည်းက တိုက်ပွဲဖြစ်တယ် ၊ မဲကနယ်-တုံတံတား-ကျောက်တောင် ဘက်မှာ BGF လုံခြုံရေး ကင်းစခန်းနဲ့ တိုက်ပွဲဖြစ်တာမှာ ကင်းစခန်းကို တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့တယ်၊ ပြန်အဆုတ်မှာ BGF တွေအင်အားတိုးလာပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ တိုက်ပွဲဆက် ဖြစ်နေတာ ဒီမနက်အထိပဲ” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ BGF ဖက်က ၂ ယောက်သေပြီး ဒဏ်ရာရသူတွေ ရှိခဲ့သလို ၊ ကျားသစ်နက်ပျောက်ကြား ဖက်ကလည်း ၂ ယောက်ကျတယ် ၊ မြဝတီ-အောင်မြေရွှေဘုံ၊၂၇၅ တပ်ဖက်ကနေ ကရင်အဖွဲ့တွေ မြို့ နားမလာအောင် လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ် ။ ကျိုက်ဒုံ-အဇင်း ကြာအင်းဆိပ်ကြီး ဖက်မှာ လည်း KNLA ပူးပေါင်းအဖွဲ့တွေနဲ့ တနေကုန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း ကျားသစ်နက်ပျောက် ကြားတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီ-မဲ့ကနယ် BGFတပ်နယ် ၄ ဗိုလ်မုတ်သုန်ရဲ့ တရားမဝင် ကျောက်မိုင်းကျောက်တောင် အနီးဝန်း ကျင်မှာ အစောင့်ချထားတဲ့ BGF ကင်းစခန်း နဲ့ ကျားသစ်နက် ပူးပေါင်း PDFအဖွဲ့တွေရဲ့ ထိတွေတိုက် ပွဲတွေဟာ ဇူလိုင်လ ၂၃ ရက် မနေ့ကအထိ ဖြစ်ပွားနေစဲလို့ သိရပြီး မြဝတီ-ကော့ကရိတ် အာရှလမ်း ပိုင်းမှာလည်း ဓါတ်ငွေ့ရည်သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် အာရှလမ်း-ကော့ကရိတ် ၊ ကော့နွဲ့ကျေးရွာ လမ်းပိုင်းကွေ့နေရာမှာ ဘောက်ဆာကား တစီး အပစ်ခံရတယ်။ ကားတော့ ဓါတ်ငွေ့ရည်တွေ ပေါက်ထွက်နေတယ်။ စစ်တပ်က ကောင်တွေ၊ BGF တပ်တွေ ပစ်ကပ်ကား ၂စီးနဲ့ ရောက်လာပြီး ရမ်းသမ်းပစ်တာတွေ လုပ်နေတယ်။ မြဝတီ လမ်းဟောင်း တံတားကျိုးဖက်မှာလည်း ပစ်ခတ်တာတွေ ဖြစ်နေတယ်။မြဝတီ-အောင်မြေရွှေဘုံ ထိုင်တော်မှု ဘုရားကုန်း ၊ ၂၇၅ စစ်တပ်ဖက်ကနေ လက်နက်ကြီးတွေနဲ့ ကျောက်တောင်တွေဖက် ပစ်ထုတ်နေလို့ မြဝတီမြို့ခံတွေ စိုးရိမ်နေကြတယ်”လို့ မြဝတီ-ဘားအံ ယဉ်ငယ်လိုင်းကားမောင်းသူ ဒေသခံက ပြောပါတယ်။
ဇူလိုင်လ ၁၉ ရက် ညပိုင်းက မြဝတီမြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ် နဲ့ ဇူလိုင်လ ၂၀ ငွေစင်္ကြာဟိုတည်အနီး ချိန်ကိုက်ဗုံး တွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်ဇူလိုင်လ ၂၂ ရက်နေ့က မြဝတီမြို့အထွက် အောင်မြေရွှေဘုံ ထိုင်တော်မှုကုန်း ၊ ကံ့ကော်တထောင် အောင်သိဒ္ဓိဘုရားကုန်း ၊ လက်ခတ်တောင် ဘုရားကုန်းတွေဖက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူ့လက်အောက်ခံ BGF ကရင်နယ်ခြား စောင့်တပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်မှုတွေ ရှိနေလို့ မြဝတီမြို့ခံတွေ အနေနဲ့ စိုးရိမ် ထိတ်လန့်မှုနဲ့အတူ သွားလာရေး အခက်အခဲတွေ ရှိနေပါတယ်။
Photo – CJ