ကိုလံဘီယာမှာ မြေပြိုကျမှုကြောင့် စာသင်ကျောင်းထဲက ကလေးငယ် ၈ ဦး ပိတ်မိ

Photo – AFP

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် စာသင်သင်ကျောင်းတစ်ကျောင်း ပြိုကျခဲ့ပြီး အနည်းဆုံး ကလေး ၈ ဦး ပိတ်မိနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

မြေပြိုမှုဟာ Antioquia ဌာနရဲ့ မြို့တော် Medellin မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး El Porvenir လို့အမည်ရတဲ့ ကျောင်းတစ်ကျောင်းဟာ မြေကြီးအောက်မှာ နစ်မြှုပ်နေတယ်လို့ မြို့တော်ဝန် Daniel Quintero က ပြောပါတယ်။ 

ကနဦးရရှိတဲ့အချက်အလက်အရ ပိတ်မိနေတဲ့ ကလေး ၈ ဦးကို ဖော်ပြထားပြီး  ဂေါ်ပြားတွေ ကိုင်ဆောင်ထားတဲ့ ရွာသားတွေက ပြိုကျနေတဲ့ သစ်ပင်တွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

 “ရုတ်တရက် အသံအကျယ်ကီု’ ကြားလိုက်ရတယ်၊ အဲဒီအချိန်မှာ ကျွန်မတို့အားလုံး လှည့်ကြည့်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ထွက်ပြေးခဲ့ရတယ်၊ မြေပြိုမှုဖြစ်ပွားတဲ့အချိန်မှာ ကလေးငယ် ၂၂ ဦးရှိတယ်” လို့ ကျောင်းမှာတာဝန်ကျတဲ့ ဆရာဖြစ်သူ Eliana Rincones က သတင်းထောက်တွေကို ပြောပါတယ်။

လာနီည, ရာသီဥတုဖြစ်စဉ်ကြောင့် ကိုလံဘီယာနိုင်ငံရှိ နေရာအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ စက်တင်ဘာလအထိ မိုးဆက်လက်ရွာနိုင်တယ်လို့ မိုးလေဝသဌာနက ကြေငြာထားတယ်လို့လည်း သိရပါတယ်။