ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းကိုဒီနေ့ဇူလိုင်၉ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ပြည်သူ့အင်အား ဓမ္မဘက်တော်သားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ခုရက်ပိုင်းအတွင်း ပြည်သူတွေအနေနဲ့ ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းကို အသုံးမပြုဖို့နဲ့ အသုံးပြုမယ်ဆိုပါက အဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေး​ကြေညာတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု စစ်သားနဲ့ရဲတွေကို မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှ ဖိတ်ခေါ်ပြီး ပဒေသာမိုင်းတွေနဲ့ စောင့်ကြိုနေကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး ထပ်မံသတိပေးတော့မှာ မဟုတ်တာကြောင့် ပြည်သူများ လိုက်နာကြဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။