တကောင်းမြို့ PDFတပ်ဖွဲ့ဆီကို အမြှောက်တပ်သားတဦး CDM ပြုလုပ်ပြီး ခိုလှုံလာ

အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်တပ်က တပ်သားတစ်ဦးဟာ တကောင်းမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီကို CDMပြုလုပ် လာရောက်ခိုလှုံလာတယ်လို့ Tagaung PDFက ဒီကနေ့ ထုတ်ပြန်ပါတယ်။
CDMပြုလုပ်လာတဲ့ တပ်သားဟာ အမတ ၃၈၄ မှာ ၁၀ နှစ်တာ စစ်မှုထမ်းဆောင်ခဲ့တဲ့ မောင်ကောင်းငြိမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ CDMပြုလုပ်ဝင်ရောက်လာတဲ့ တပ်သား မောင်ကောင်းငြိမ်းကို သူရဲ့သဘော ဆန္ဒအတိုင်း ပြည်သူ့ရင်ခွင်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပြီး၊ အဖွဲ့မှာလိုအပ်ချက်များစွာရှိနေသေးတဲ့အတွက် ဆုငွေချီးမြင့်နိုင်ခြင်းမရှိဘဲ ထိုက်သင့်တဲ့တာတွေကိုလုပ်ဆောင်ပေးသွားမယ်လို့လည်းTagaung PDFကဆိုပါတယ်။
နောက်ပိုင်းမှာလည်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား/ရဲတွေ CDM ပြုလုပ်လာပါက ဆုကြေးငွေများပေးနိုင်ဖို့ အကောင်းဆုံးစီစဉ်ကြိုးစားသွားမှာဖြစ်ပြီး CDM ပြုလုပ်လိုတဲ့ စစ်သား/ရဲတွေကို နွေးထွေးစွာကြိုဆိုကြောင်းနဲ့ အချိန်မီဝင်ရောက်ရဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ကြောင်း Tagaung PDFက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။