မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းကို ဒေသခံတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ တစ်ပတ်တိတိ အသုံးမပြုကြဖို့ ပွင့်ဖြူ PDF က ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၃ ရက်နေ့ ည ၈ နာရီအချိန်လောက်ကစပြီး အသုံးမပြုဖို့ တောင်းဆိုထားတာပါ။
အကြမ်းဖက်စစ်တပ်အနေနဲ့ အင်အားဖြည့်တာတွေ လုပ်နေတာကို မြင်တွေ့နေရတဲ့အတွက်ကြောင့် သတိပေးထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ရဲတွေဟာ ဇူလိုင် ၃ ရက် ညပိုင်းက မဲဇလီတံတား၊ ပုသိမ် – မုံရွာလမ်းဘေး တလျောက်မှာရှိတဲ့ စျေးဆိုင်တွေ၊ အိမ်တွေကို ရှောင်တိမ်းနေထိုင်ကြဖို့ ပြောဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က သရက် – ကံမ PDF တွေစီးနင်းလာတဲ့ကားတစ်စီးဟာ သတင်းပေါက်ကြားမူကြောင့် မဲဇလီတံတားအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ဆိုင်းပစ်ခတ်တာခံခဲ့ရပြီး ရဲဘော် ၁၂ ဦးကျဆုံးကာ လက်နက် ၂၀ ကျော်ဆုံးရှံးခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ CJ – (ပုံဟောင်း) မဲဇလီတံတားမှာ PDF တွေ စီးနင်းလာတဲ့ကား တိုက်ခိုက်ခံခဲ့ရပုံ